လူငယ်မျက်ရည်

လူငယ်မျက်ရည်

အိမ်ကထွက်ချလာပြီးတဲ့နောက်

အိမ်ကို ပြန်ရမယ်လို့ ကံသေကံမ ငါ မတွေးထားခဲ့ပါဘူး

တကယ်တမ်းလည်း အိမ်ကို ပြန်ရင် အိမ်ကမရှိတော့ဘူး။

အိမ်ကို ပြန်မရတောင် နိုင်ငံကို ပြန်ရမယ်လို့

ငါတို့ဟာ ယုံကြည်ချက် ခိုင်မာတယ်။

ပြန်မပါလာနိုင်တော့တဲ့ ကောင်တွေအတွက်ပဲ ငါတို့က ကတိခိုင်မြဲတာ

လူငယ်မျက်ရည်ဆိုတာ အပူလောင်ဆုံး ဒီဂရီနဲ့။

ရေမျောကမ်းတင် ထင်းချောင်းတွေသာ ဆွေးချင်ဆွေးမယ် ထင်းမီးထဲ ပြာဖြစ်မယ်

ငါတို့ဟာ ရေဆန်လမ်းတွေ။

မိကျောင်းလို မိအောင် ကြောင်းမယ့် စွပ်ကြောင်းတွေ ထင်းနေအောင်ရေးရ

မဖြစ်နိုင်ဘူးလို့ ထင်တာတွေ ဖြစ်ခဲ့တယ် မဟုတ်လား။

ချစ်နိုင်သမျှ ငါတို့ရဲ့ အတိတ်တွေဟာ ရိုသေစရာပဲ တည်ရမှာ

ရဲဘော်ရဲ့အလောင်းကို ငါ့တို့ဟောင်းလောင်းပေါက် ခန္ဓာထဲ ဝှက်ထားပြီး

သူ့အတွက်ပါ အိမ်ကိုပဲ ပြန်ရပြန်ရ နိုင်ငံကိုပဲ ပြန်ရပြန်ရ

မေးရိုးခိုင်တဲ့သူတွေပဲ အံကို ဘယ်လောက်တင်းတင်းကြိတ်ထားရမလဲ။

မောင်လင်းရိပ်

The Tanintharyi Times