ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကြားနာပွဲ တက်ရောက်လာတဲ့ ဖိတာ
ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကြားနာပွဲ တက်ရောက်လာတဲ့ ဖိတာ
Move Forward ပါတီကို ဖျက်သိမ်းဖို့ အတွက် တိုင်ကြားထားတာကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဒီကနေ့ မွန်းလွဲ ၃ နာရီ အချိန်မှာပြုလုပ်နေပါတယ်။
ဒီကြားနာပွဲကို Move Forward ပါတီခေါင်းဆောင်ဟောင်း Pita Limjaroenrat တက်ရောက်လာတဲ့ ဓာတ်ပုံတွေကို ထိုင်းသတင်းဌာန Khaosod English မှာဖော်ပြထားပါတယ်။
ထိုင်းဘုရင်စနစ်ကို အကာကွယ်ပေးထားတဲ့ ဥပဒေ ကို ပြုပြင်ပြောင်းလဲဖို့ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Move Forward ပါတီကို ဖျက်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်က တင်သွင်းတဲ့ တိုင်ကြားချက်ကို လက်ခံဖို့ တရားရုံးက ပြီးခဲ့တဲ့ မတ်လကတည်းက လက်ခံခဲ့တာဖြစ်ပါတယ်။


The Tanintharyi Times
