သတင်းဆောင်းပါးအတွက် အနှစ်ချုပ် အကြံပေးချက်များ

သတင်းဆောင်းပါးအတွက် အနှစ်ချုပ် အကြံပေးချက်များ

(Tips for Feature Writing)

အခန်း (၁၂)

သတင်းဆောင်းပါးရေးသားခြင်းလက်စွဲ

(၁) စတိုရီအိုင်ဒီယာကောင်းပါစေ။ ဖိုးကပ်စ်ပြတ်သား အောင်လုပ်ပါ။
(၂) အကောင်းဆုံးသတင်းရင်းမြစ်(Sourcing) ကို ရွေးချယ်တည်ဆောက်ပါ။
(၃) ဆောင်းပါးအဖွင့်ကို ဆွဲဆောင်မှုအရှိဆုံးဖြစ်အောင် ရေးသားပါ။
(၄) သစ်စေ့စာပိုဒ်ရေးတာဟာ ကောင်းပါတယ်။ ကြိုးစားကြည့်ပါ။
(၅) Zoom-In & Zoom-Out ရေးပါ။
(၆) ဆောင်းပါးကိုယ်ထည်ကို ပျင်းစရာမကောင်းအောင် တည်ဆောက်ပါ။
(၇) ဆောင်းပါးရဲ့သုံးပုံနှစ်ပုံမှာ စိတ်လှုပ်ရှားစရာတစ် ခုခုထည့်ပေးပါ။
(၈) အဆုံးသတ်ဟာ လုံလောက်အောင်ကောင်းမွန်ပါစေ။
(၉) ကျင့်ဝတ်ဆိုင်ရာအကြောင်းအရာတွေကို ထည့်သွင်းစဉ်းစားပါ။
(၁ဝ) ကိုယ့်ဆောင်းပါးကို အယ်ဒီတာဆီကိုမပို့ခင်မှာ ကိုယ်တိုင်ဖတ်ပြီး ပြန်တည်းဖြတ်ပါ။

▪️နိဂုံး

အစောပိုင်းကပြောခဲ့သလိုပဲ သတင်းစာပညာဟာ လက်မှုပညာ (Craft) ဖြစ်ပါတယ်။ ဒါကြောင့် အမြဲမပြတ် လေ့လာအားထုတ်နေဖို့လိုအပ်ပါတယ်။

ကိုယ့်ကိုကိုယ် ပြည့်သွားပြီလို့ ဘယ်တော့မှ မယူဆမိဖို့အရေးကြီးပါတယ်။ ယူဆမိတဲ့နေ့ဟာ ကိုယ့်ရဲ့လက်မှုပညာကို မြေမြှုပ်လိုက်တဲ့နေ့ ဖြစ်သွားမှာမို့လို့ပါ။

ယခုစာအုပ်ထဲက ကြိုက်တာကိုယူပါ။ မကြိုက်တာကို ထားခဲ့ပါ။ အရေးကြီးတာက သတင်းစာပညာအပါအဝင် အရာအားလုံးကို “လှေနံဒါးထစ်” မှတ်မထားဖို့ပါ။

“လှေနံဒါးထစ်”မှတ်ရမှာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ဘယ်အရာကိုမှ “လှေနံဒါးထစ်” မမှတ်ရဘူး ဆိုတာပါပဲ။

The Tanintharyi Times