ပုလောက စစ်ဘေးရှောင်ပြည်သူတွေ

ပုလောက စစ်ဘေးရှောင်ပြည်သူတွေ

စစ်တပ်ကအာဏာသိမ်းပြီးနောက် နေအိမ်စွန်ခွါပြီး ပြည်တွင်းမှာပဲ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ISP Myanmarရဲ့ စာရင်းအရ တစ်သန်းကျော်ရှိပါတယ်။

စစ်ဘေးဒုက္ခသည်အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ဒုတိယက ကယားပြည်နယ်ကပါ။ တနင်္သာရီတိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်း ဆယ်ခုပေါင်း စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက်က ၅ သိန်းကျော်ရှိပါတယ်။

ယခုဖော်ပြထားတဲ့ ဓာတ်ပုံတွေက တနင်္သာရီတိုင်း ပုလောစစ်ဘေးရှောင်စခန်းက ပြည်သူတွေပါ။ အန္တရာယ်မကင်းတဲ့ လမ်းခရီး၊ မလုံခြုံတဲ့ နေရာထိုင်ခင်းတွေနဲ့ ဖြတ်သန်းနေရတာကို တွေ့မြင်နိုင်ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်နောက်မှ ပေါ်ပေါက်လာတဲ့ ဒီစခန်းမှာ စစ်ဘေးရှောင် ၁၅၀၀ နီးပါးရှိပါတယ်။

World Refugee Day ဖြစ်တဲ့ ဒီနေ့မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲ၊ ဒုက္ခတွေကို သိမြင်နိုင်ဖို့ ရည်ရွယ်ကာ ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီမှ ဓာတ်ပုံတွေရယူပြီး တနင်္သာရီတိုင်းမ်က ဖော်ပြလိုက်ပါတယ်။

[ttimes_image_carousel source=”media: 2255,2262,2261,2260,2259,2258,2257,2256″ limit=”20″ slides_style=”photo” controls_style=”dark” crop=”16:9″ columns=”1″ adaptive=”yes” spacing=”yes” align=”center” max_width=”none” captions=”no” arrows=”yes” dots=”no” link=”lightbox” target=”blank” autoplay=”3″ speed=”medium” image_size=”large” outline=”yes” random=”no”]

The Tanintharyi Times