“ဖက်ဒရယ်လစ်ဇင်နှင့် လူမှုတန်ဖိုးထားမှုများကို နားလည်ခြင်း” မိတ်ဆက်သင်တန်း

“ဖက်ဒရယ်လစ်ဇင်နှင့် လူမှုတန်ဖိုးထားမှုများကို နားလည်ခြင်း” မိတ်ဆက်သင်တန်း

တနင်္သာရီဒေသက လူငယ်တွေအတွက် ဖက်ဒရယ်စနစ်၊ လူမှုတန်ဖိုးထားမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာသင်ယူနိုင်မယ့် သင်တန်းတစ်ခု ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

အဲဒီသင်တန်းမှာ

1) Active Citizenship (တာဝန်ယူမှု တာဝန်ခံမှုရှိသော တက်ကြွနိုင်ငံသား)

2) Accountability in Humanitarian Crisis (လူသားချင်းစာနာမှု အကျပ်အတည်းအတွင်း တာဝန်ယူမှု တာဝန်ခံမှု)

3) Human Rights and Justice (လူ့အခွင့်အရေးနှင့် တရားမျှတမှု)

4) Gender Federalism (ကျားမရေးရာနှင့် ဖက်ဒရယ်လစ်ဇင်)

5) Transitional Justice (အသွင်ကူးပြောင်းကာလ တရားမျှတမှု)

6) Introduction to Federalism (ဖက်ဒရယ်လစ်ဇင် မိတ်ဆက်) စတဲ့ ဘာသာရပ် (၆) ခု ကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

သင်တန်းကာလက တစ်ပတ်ကို ၄ ရက်နှုန်းနဲ့ ၇ ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းလျှောက်လွှာတွေကို အောက်တိုဘာလ ၁၁ ရက်၊ ညနေ ၅ နာရီနောက်ဆုံးထား လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမိတ်ဆက်သင်တန်းကို MAGGA Initiative နဲ့ Inlihtan Peninsula Tenasserim – IPT တို့က ပူးပေါင်းစီစဥ်တာဖြစ်ပြီး အသေးစိတ်ကို MAGGA.initiative@gmail.com အီးမေးလ် ဒါမှမဟုတ် သက်ဆိုင်ရာ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင်တန်းလျှောက်ထားနိုင်တဲ့ Link >>>

Understanding Federalism & Societal Values (google.com)

The Tanintharyi Times