ကမ္ဘာနဲ့ ပတ်သက်ပြီး

ကမ္ဘာနဲ့ ပတ်သက်ပြီး

ခုတလော

ကဗျာဟောင်းတွေ ပြန်ဖတ်မိတယ်။

ခုတလော

လူနာတင်ကားတွေ အရမ်းမြန်တယ်။

ခုတလော

မီးရှို့ခံရမှုတွေ ပိုပိုများလာတယ်။

ခုတလော

တောကြောင်တွေ လက်ခမောင်းခတ်နေတယ်။

ခုတလော

ညာလက်မောင်း မကြာမကြာလှုပ်တယ်။

ခုတလော

နံရံက အမေ့ဓာတ်ပုံဆီ ကြည့်ကြည့်မိနေ။

ခုတလော

သေမြေကြီး ရှင်ရွှေထီးအိပ်မက်နဲ့ပါပဲ

တိမ်မပြာလည်း နေပါစေ

လမသာလည်း ရပါတယ် ။ ။

တင်လတ်ကို

The Tanintharyi Times