ထိုင်းရောက် မြန်မာအရေးကူညီနေတဲ့ အဖွဲအစည်းတွေ

ထိုင်းရောက် မြန်မာအရေးကူညီနေတဲ့ အဖွဲအစည်းတွေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ စစ်မှုထမ်းဥပဒေကို အတည်ပြုကြေညာပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံထဲကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမဝင်၊ တရားဝင် နည်းလမ်းတွေနဲ့ ဝင်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ လုပ်ခလစာအနှိမ်ခံရတာ၊ လစာမရတာ၊ လိမ်လည်ခံရတာ၊ ဖမ်းဆီးခံရတာ စတဲ့ ပြဿနာပေါင်းများစွာကို ရင်ဆိုင်နေကြရပါတယ်။

ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ မြန်မာနိုင်ငံသားတွေကိုကူညီပေးတဲ့အဖွဲ့အစည်းတွေဟာလည်း ကဏ္ဍအလိုက် ကူညီပေးနေကြပါတယ်။ တနင်္သာရီတိုင်းမ်သတင်းဌာနအနေနဲ့ ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုကဏ္ဍတွေကို ကူညီပေးနေကြပါသလဲ။ အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ရော အဲဒီအဖွဲ့အစည်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်သွယ်ပြီးအကူအညီတောင်းခံလို့ရနိုင်သလဲ ဆိုတာတွေကို ပုံမှန်ဖော်ပြဖို့ စီစဥ်ထားပါတယ်။​

ဒီနေ့မှာတော့ Myanmar Humanitarian Action Centre (MHAC) အဖွဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်။

The Tanintharyi Times