သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်တော့မှာမဟုတ်ကြောင်း ဂျိုးဘိုင်ဒန်ကြေညာ

သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်တော့မှာမဟုတ်ကြောင်း ဂျိုးဘိုင်ဒန်ကြေညာ

လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထပ်ပြီးယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဇူလိုင် ၂၁ ရက်နေ့မှာကြေညာခဲ့ပါတယ်။

လက်ကျန် သမ္မတ သက်တမ်း ကိုပိုမိုအာရုံစိုက်ပြီး ပါတီနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ဆက်မပြိုင်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဂျိုးဘိုင်ဒန်ကြေညာ ခဲ့တာဖြစ်ပါတယ်။

အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ သမ္မတရွေးကောက်ပွဲ ဆက်မဝင်သင့်တော့ဘူးဆိုပြီး ဒီမိုကရက်တစ်ပါတီတွင်းက ထင်ရှားတဲ့ ခေါင်းဆောင်တချို့နဲ့ လွှတ်တော်အမတ်တချို့ တိုက်တွန်းခဲ့ပြီးနောက် အခုလို အနားယူမယ်လို့ ဂျိုးဘိုင်ဒန်က ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် လက်ရှိ ဒုတိယသမ္မတ တာဝန်ထမ်းဆောင်နေတဲ့ ကမ်မလာ ဟဲရစ် (Kamala Harris) ကို အစားဖို့လည်း ဂျိုးဘိုင်ဒန်ကပြောဆိုခဲ့ပါတယ်။

အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဂျိုးဘိုင်ဒန်ဟာဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ မေးခွန်းတွေ မဖြေနိုင်တာ၊ နိုင်ငံ့ခေါင်းဆောင်တွေ ရဲ့ အမည်တွေမှား ခေါ်တွေဖြစ်ခဲ့ပြီးနောက်မှာ သမ္မတရွေးကောက်ပွဲ က နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

စကားစစ်ထိုးပြီးနောက်ပိုင်း သမ္မတဂျိုးဘိုင်ဒန်ဟာဒေါ်နယ်ထရမ့် အပြတ်အသတ်အနိုင်ယူသွားမယ်လို့ ခန့်မှန်းချက်တွေ ထွက်လာတာလည်းဖြစ်ပါတယ်။

လက်ရှိ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း သမ္မတဘိုင်ဒန်ရဲ့ လက်ကျန်သမ္မတ သက်တမ်းကို အစွမ်းကုန်ထောက်ပံ့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – CNN ၊ ရိုက်တာ

Connect Burma

(ယခု ဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times တို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times