မိမိကိုယ်ကို ဂရုစိုက်ခြင်းဆိုတာ ဘာလဲ

မိမိကိုယ်ကို ဂရုစိုက်ခြင်းဆိုတာ ဘာလဲ

COVID -19 ဆိုတဲ့ ကပ်ရောဂါဘေးကိုအထိတ်တလန့်ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ စစ်တပ်ကအာဏာသိမ်းတာကို ထပ်ကြုံကြနေရပါတယ်။

အာဏာရှင်ဖိနှိပ်မှုအောက်မှာ မိသားစုတွေ မိတ်ဆွေတွေ သေကွဲ၊ ရှင်ကွဲ ကွဲကွာသွားကြ၊ နေ့တဓူဝမလုံခြုံတဲ့ဘဝတွေကို ဖြတ်ကျော်နေရတဲ့ ဒီလိုအခြေအနေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုအနည်းနဲ့အများ ကိုယ်စီရင်ဆိုင်နေကြရတာပါ။

အခက်အခဲပေါင်းစုံနဲ့ မလွယ်ကူတဲ့ ဘဝအခြေအနေတွေမှာ ကိုယ်ရဲ့တကိုယ်ရည် စိတ်ကျန်းမာစေဖို့ဘာတွေလုပ်ဖို့ လိုအပ်ပါသလဲ။ လွယ်လင့်တကူ ဆောင်ရွက်လို့ ရနိုင်တဲ့ အစီအစဉ်တွေကကော ဘာတွေရှိပါသလဲ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP ရဲ့ စိတ်ဓါတ်ပြန်လည်မြှင့်တင်​ရေးကူညီ​ထောက်ပံ့မှုအစီအစဉ်ရဲ့ တာဝန်ခံ ဦး​ကျော်စိုးဝင်းကို တနင်္သာရီတိုင်းမ်က ဆက်သွယ်ပြီး မေးမြန်းထားပါတယ်။

အောက်တိုဘာလ ၁၀ ရက်၊ ဒီကနေ့က ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ Mental Health Day ဖြစ်ပါတယ်။

The Tanintharyi Times