ပြန်လည်အကဲဖြတ်ခြင်း

ပြန်လည်အကဲဖြတ်ခြင်း

ထင်မြင်ချက်ဆောင်းပါးများ ရေးသားခြင်းလက်စွဲ (အပိုင်း ၁၁)

များသောအားဖြင့် စာရေးသူတွေဟာ သူတို့ အားသန်တဲ့ အကြောင်းအရာတွေကိုပဲ ရေးလေ့ရှိကြပါတယ်။ ကိုယ်ရေးခဲ့တဲ့ ဆောင်းပါးတွေကို ပြန်ကြည့်ပါ၊ အကြောင်းအရာတစ်ခုထဲကို ပုံပြီး ရေးနေမိသလား။ ရေးနေမိတယ်ဆိုရင်ဘာကြောင့်လဲ။

▫️ကိုယ်မရေးဖြစ်ပေမယ့် အရေးကြီးတဲ့ တခြားအကြောင်းအရာ တွေဘာတွေရှိသလဲ။ အဲဒီအကြောင်းအရာတွေကိုရော ရေးဖို့ ကြိုးစားကြည့်မလား။

▫️ကိုယ်ရေးခဲ့တဲ့ ဆောင်းပါးတွေထဲမှာ ပြန်ကြည့်တဲ့အခါမှာ ကိုယ် နောင်တရတဲ့ Argument ကိုတွေ့လား၊ တွေ့ တယ် ဆိုရင်တော့ ဒါဟာသင်ခန်းစာ ဖြစ်ပါတယ်။ ဘာကြောင့် နောင်တရစရာ ဖြစ်ရ တာလဲ၊ ဘာမှားသွားသလဲ၊ အချက်အလက်လား၊ ကိုယ့်ဆန္ဒစွဲ ကြောင့်လား။

▫️တချို့အသုံးအနှုန်းတွေကို ဆောင်းပါးတော်တော်များများမှာ ထပ်ပြန်တလဲလဲသုံးနေမိသလား။ နောက်ဆောင်းပါးတွေမှာ ဘယ်လိုရှောင်မလဲ။

▫️ကိုယ့်ဆောင်းပါးတွေကို ပြန်သုံးသပ်တဲ့နေရာမှာ အွန်လိုင်းမှာ လူကြိုက်များတာကိုပဲ မကြည့်ပါနဲ့။ လူကြိုက်များတာကို ကြည့်ပြီး လိုက်ရေးရင် အများအကြိုက်လိုက်တဲ့ကလောင်ရှင် ဖြစ်သွားပါလိမ့်မယ်။

▫️ကိုယ့်ဆောင်းပါးတွေဟာ အရည်အသွေးနဲ့အရေအတွက် မျှတရဲ့လား၊ အပုဒ်ရေ များများကို ဆက်တိုက်ရေးဖြစ်လာရင် အရည်အသွေးကို ပိုသတိထားပါ။ အရည်အသွေးမကောင်းတဲ့ ဆောင်းပါးကိုရေးမိတာထက် ဘာမှမရေးတာက ပိုကောင်းသလားလို့ စဉ်းစားကြည့်ပါ။

▫️ကိုယ့်ဆောင်းပါးတွေမှာ ကိုယ်ပိုင်ဟန်ကို ထူထောင်နိုင်ခဲ့ ရဲ့လား။ မထူထောင်နိုင်ခဲ့ဘူးထင်ရင် ထူထောင်နိုင်ခဲ့တဲ့ ကိုယ့်ရှေ့က စာရေးသူတွေရဲ့ ဆောင်းပါးတွေကို ပြန်လေ့လာကြည့်ပါ။

The Tanintharyi Times