မီးယပ်သွေးဆုံးခါနီး အမျိုးသမီးတွေ သတိပြုစေဖို့
မီးယပ်သွေးဆုံးခါနီး အမျိုးသမီးတွေ သတိပြုစေဖို့
တိုင်းရင်းဆေးပညာမှာ ယောကျာ်းမှာ တေဇော၊မိန်းမမှာအာပေါဆိုတဲ့ ဝေါဟာရတစ်ခုရှိပါတယ်။ အမျိုးသမီးတွေ မီးယပ်သွေးတည်းဆိုတဲ့ အာပေါဓာတ်ယိုစီးမှုကြောင့် ရင်နဲ့တင်စတဲ့ ရုပ်ကို ဦးဆောင်နေကြခြင်း ဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးကို ဆေးကုတော့မယ်ဆိုရင် မိန်းမဆိုရင် တင်ဆိုတဲ့ စကားပုံလည်းရှိပါသေးတယ်။ဆိုလိုတာက အမျိုးသမီတွေရဲ့ ရောဂါကိုကုသမယ်ဆိုရင် အဲ့ဒီအမျိုးသမီးရဲ့မီးယပ်သွေးအခြေအနေကိုမေးမြန်းရမယ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
မီးယပ်သွေးဆုံးခါနီးအမျိုးသမီးတွေအနေနဲ့ ဘာတွေလုပ်ရမလဲဆိုတဲ့ မေးခွန်းတွေ မကြာခဏ ရောက်ရှိလာတတ်ပါတယ်။
ဓမ္မတာသွေးဆုံးခြင်းဆိုတာက လစဉ်ပုံမှန်သက်ဆင်းနေတဲ့ ရာသီသွေးတွေ မဆင်းတော့ခြင်းဖြစ်ပါတယ်။
မီးယပ်သွေးမဆင်းတော့တိုင်း မီးယပ်သွေးဆုံးခြင်းမဟုတ်တာကိုလည်း သိထားဖို့လိုပါတယ်။သွေးဆုံးတဲ့နေရာမှာလည်း ကောင်းတဲ့ သွေးဆုံးခြင်းရှိသလို၊ မကောင်းတဲ့ သွေးဆုံးခြင်းလည်း ရှိပါတယ်။
- ကောင်းသောသွေးဆုံးခြင်းဆိုတာက
ရာသီသွေးအနေနဲ့ လည်းကောင်း၊ရက်၊လအနေဲ့လည်းကောင်း တဖြေးဖြေးရာသီသွေးနည်းလာကာ သွေးဆုံးချိန်မှာ သွေးမှန်၊ရက်မှန်၊လမှန်၊နှစ်ပရိစ္ဆေဒမှန်ကန်စွာ သွေးဆုံးပါတယ်။
သွေးဆုံးပြီးချိန်မှာလည်း ကျန်းကျန်းမာမာရှိနေခြင်းဖြစ်ပါတယ်။
- မကောင်းသောသွေးဆုံးခြင်းဆိုတာက
ကောင်းတဲ့ သွေးဆုံးခြင်းနဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်။
- သွေးဆုံးမီးယပ်ဖြစ်ခါနီးအချိန်မှာ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာဖြစ်တဲ့
- ပူလိုက်၊ ချမ်းလိုက်ဖြစ်ခြင်း
- ညပိုင်းမှာ ချွေးထွက်များခြင်း
- ဆီးခဏခဏသွားခြင်း
- အစားအသောက်ပျက်ခြင်း
- အစာမကြေခြင်း
- အိပ်စက်မရခြင်း
- တွေဝေထိုင်းမှိုင်းခြင်း
- မောပန်းခြင်း
- အလိုလို နှုံးချိနေခြင်း
- အဆစ်တွေ ကိုက်ခဲခြင်း
- ခြေလက်တွေ ထုံကျဉ်လာခြင်း
- ခန္ဓာကိုယ်မှာ အညိုကွက်၊အမဲကွက်တွေထွက်ပေါ်လာခြင်း
- ကိုယ်သားကိုယ်ရေမကြည်လင်ခြင်း
- နေရာကွက်ကာ ယားယံခြင်းတို့ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
- စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေက
- စိတ်တိုလွယ်ခြင်း
- စိတ်ဓာတ်ကျလွယ်ခြင်း
- စိုးရိမ်သောကများခြင်း
- မိမိကိုယ်ကိုယ်ယုံကြည်မှုအားနည်းခြင်း
- မှတ်ဉာဏ်တွေ လျော့နည်းလာခြင်းတို့ခံစားရနိုင်ပါတယ်။
- မီးယပ်သွေးဆုံးခါနီးအချိန်မှာ ကြိုတင်စားပေးနိုင်တဲ့ အစားအစာတွေ
ပျားရည်နဲ့ ရှားစောင်းလပတ်ကို ရောစပ်ကာစားပေးနိုင်ပါတယ်။
ကျောက်ဖရုံသီး၊ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ
ရဲယိုသီး၊ ပဲပိစပ်၊ နေကြာစေ့၊ နွားနို့၊ ကြက်သွန်ဖြူ၊ ဆန်လုံးညိုကဲ့သို့သော မပြုပြင်ရသေးတဲ့ အစားအစာတွေ
ကညွှတ်ဥရှိရင်လည်း ပျားရည်နဲ့ပေါက်စားပေးနိုင်ပါတယ်။
- မီးယပ်သွေးခါနီးအချိန်မှာ ရှောင်သင့်တဲ့အစားအစာတွေ
- အပူ၊အစပ်၊အချဉ်၊အငန်လွန်ကဲတဲ့ တစ်ဖက်လွန်အစားအစာတွေ
- ဝမ်းချုပ်စေတဲ့ အဆီအစေးများတဲ့အစားအစာတွေ
- ကဖင်းဓာတ်လွန်ကဲစွာပါတဲ့ အစားအစာတွေ
- မြေတွင်းအောင်းသားတွေ
- သွေးဆုံးခါနီးချိန်ရှောင်ကြဉ်ရမဲ့ အပြုအမူတွေ
- မိုးရေတွေ ချိုးခြင်း
- နှစ်ကာလများစွာအောင်းထားတဲ့ ရေတွေချိုးခြင်း
- ဆေးလိပ်သောက်ခြင်း
- အရက်သောက်ခြင်း
- မီးယပ်သွေးဆုံးခြင်းအပေါ်လွှမ်းမိုးနိုင်တဲ့ အချက်တွေကိုလည်း သိရှိထားဖို့ လိုပါတယ်။
- ဆေးလိပ်သောက်ခြင်း
- စားသောက်တဲ့ အာဟာရနဲ့ သက်ဆိုင်ခြင်း
- ခန္ဓာကိုယ်ဝဖြိုးခြင်း
- မျိုးရိုးလိုက်ခြင်း
- ဒေသကွဲပြားခြင်းတို့ဖြစ်ပါတယ်။
အမျိုးသမီးထုကြီး ကျန်းမာကြပါစေ။
The Tanintharyi Times
