စစ်ကောင်စီ နဲ့ ကိုးကန့်တပ်မတော် MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြောင်း တရုတ်ပြော
စစ်ကောင်စီ နဲ့ ကိုးကန့်တပ်မတော် MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြောင်း တရုတ်ပြော
မြန်မာစစ်တပ် နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား တရားဝင်အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာ ပြောရေးဆိုခွင့်ရှိသူ မော်နင်း ကပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းကဖော်ပြပါတယ်။
တရုတ်အစိုးရ ရဲ့ကြားဝင်ညှိနှိုင်းနဲ့ စစ်ကောင်စီ နဲ့ ကိုးကန့်တပ်မတော် MNDAAဇန်နဝါရီ ဇန်နဝါရီလ ၁၈ ရက်မှာတရားဝင်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မောနင်း က တနင်္လာနေ့မှာပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့မှာ ဇန်နဝါရီ ၁၆ ရက်ကနေ ၁၈ ထိ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အခုလို သဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ မော်နင်း ကပြောပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေ တည်ငြိမ်အေးချမ်းစေတာဟာ ဒေသတွင်းနိုင်ငံအားလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်ပြီး တရုတ်နဲ့ မြန်မာကြား နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပါတယ်” လို့မော်နင်း ကပြောဆိုခဲ့တာပါ။
တရုတ်အနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေးအတွက် တက်တက်ကြွကြွ ပါသွားမှာဖြစ်တယ်လို့မော်နင်း ကဆိုပါတယ်။
ကိုးကန့် တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အာရက္ခတပ်တော် AA တို့ရဲ့ ညီနောင်မဟာအဖွဲ့ ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းကစလို့ မြန်မာစစ်တပ်ကို ထိုးစစ်ဆင်ခဲ့ပြီး တရုတ် နယ်စပ်အနီး က နယ်မြေအများအပြားကို သိမ်းယူခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ ရဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကိုလည်း ကိုးကန့် တပ်မတော် MNDAA က ၂၀၂၄ ခုနှစ်မှာ သိမ်းယူခဲ့ပါတယ်။
ကိုးကား - ရိုက်တာ
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
