ဘုတလင်
ဘုတလင်
ခြံစည်းရိုးပေါ်
နွယ်တွေ တက်နေရမှာ
အခုတော့
ခြေပြတ်၊ လက်ပြတ်တွေ တက်လို့။
ခြံစည်းရိုးပေါ်
ပန်းတွေ ပွင့်နေရမှာ
အခုတော့
ခေါင်းပြတ်တွေ ပွင့်လို့။
ပြာတောင်တန်းတွေကြားမှာ
တောက်ခေါက်သံ
သံပြိုင်သီချင်းကို ဆိုပြီး
သွေးချောင်းတွေ စီးနေ။
ဒီမိုကရေစီ မရမချင်း
မကျွတ်မလွတ်မယ့်သူတွေ
ဒီရေဒီမြေပါ်မှာ
များလွန်းမက များခဲ့ရပြီ။
ခန့်ဝါငြိမ်း
The Tanintharyi Times