ငါ့သား
ငါ့သား
အပြစ်ကင်းစင်တဲ့ ထွက်သက်တစ်ခု
နှလုံးသားတွေ ကွဲအက်
ငါ….
လူအုပ်ကြားထဲ ပျောက်သွားတယ်။
ဒီမြေဒီရေ
ငါ့သား ငါ့အလင်း၊ ဒီမှာ မရှိတော့ဘူး။
ပုန်းလျှိုးကွယ်လျှိုးနဲ့ ကြမ္မာဆိုးက
ဒီအလင်း ဒီအနာဂတ်ကို
အပြီးတိုင် ငြိမ်းလိုက်ပေါ့။
စာသင်ကျောင်းဆိုတာ
ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားတွေ
ရှင်သန်ရာ ဖြစ်ရမှာလေ။
အခုတော့
အသိပညာ အိပ်မက်တွေ
လောင်ကျွမ်းနေတယ်
ပြာအထပ်ထပ်နဲ့ပေါ့ ။
အချိန်လွန်ပေမယ့်
ပြောလိုက်အုံးမယ် ငါ့သား…
အချစ်ဟာ အမုန်းကို
အရှုံးပေးရတဲ့မြေကို
ဘယ်တော့မှ
ထပ် မလာနဲ့တော့ ငါ့သား။
ဝသုန်
The Tanintharyi Times