မြဝတီ‌ ဒေါနတောင်တက်လမ်းမှာ မြေပြိုလို့ ကုန်စည် ပို့ဆောင်ဖို့ခက်ခဲနေ

မြဝတီ‌ ဒေါနတောင်တက်လမ်းမှာ မြေပြိုလို့ ကုန်စည် ပို့ဆောင်ဖို့ခက်ခဲနေ

Photo -CJ မြဝတီ - ကော့ကရိတ် တောင်ပြိုကျလို့ ပိတ်မိနေတဲ့ ခရီးသည်တင်ကားတွေ နဲ့ ကုန်တင်ကားတွေ

ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ်၊ ဒေါနတောင်လမ်းဟောင်းမှာ တောင်ပြိုကျမှုဖြစ်ပွားခဲ့တာ‌ကြောင့် ကုန်ကား နဲ့ ခရီးသည်တင်ကားတွေ ရာနှင့်ချီပိတ်မိနေပြီး ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့ ခက်ခဲနေတယ်လို့ မြဝတီမြို့ကုန်တင်ယာဉ်မောင်းတစ်ဦးထံမှ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့မှ ၉ ရက်ထိ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြဝတီ – ကော့ကရိတ် ဒေါနတောင်တက်လမ်းဟောင်း အပါအဝင် ထိုးကော်ကိုးလမ်း၊ 1018 လမ်းနဲ့ နေရာတချို့မှာ မြေပြိုကျမှုဖြစ်ပွားခဲ့တာပါ။

မြဝတီမြို့ကိုသွားကားလမ်းတွေ မှာ ဇွန်လ ၆ ရက်နေ့ကစတင်ပြီး တောင်ပြို စတင်ဖြစ်ပွားခဲ့ပြီး ကုန်ကားတချို့ နဲ့ အိမ်စီးကား ရာနဲ့ချီပြီး ပိတ်မိနေကာ တစ်ချို့ ကုန်တင်ယာဉ်လှိုင်းတွေလည်း ရပ်နား‌ထားတာကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက် နေတယ်လို့ မြဝတီမြို့ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆက်လက်ပြောဆိုပါတယ်။

” လက်ရှိအခြေအနေက မြေညှိပြီး ဆက်လက်သွားနိုင်အောင် လုပ်ဆောင်နေတာတွေရှိတယ်။ မိုးကလည်းမပြတ်သေးတော့ အခြေအနေက မြေသားတွေပျော့နေတော့စလစ်နဲ့လျောထွက်နေတာဘဲ။ ကားတွေအဆင်မပြေသေးဘူး။ လမ်းမှာဆင်းလျှောက်ခဲ့ရတာတွေရှိတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက Connect Burma ကို ပြောပါတယ်။

ရက်ရှည် မိုးဆက်တိုက်ရွာသွန်းဝာာကြောင့် မြဝတီ – ကော့ကရိတ်လမ်းပိုင်း နေရာ အများစုမှာ မြေပြိုကျနေသလို မြဝတီမြို့ပေါ်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပွား နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့် နေတယ်လို့လည်း ကုန်တင်ယာဉ်မောင်းတွေ ထံကသ်ရပါတယ်။

” အလုပ်ကို ၃ ရက်မှ ၁ ခါသွားရတယ်။ မိုးကရွာပြီး ကားလမ်းတွေချော်နေတော့ ပစ္စည်းတွေမရောက်ဘူး။ ကားအသေးနဲ့ ပြန်သယ်နေရတယ်။ တိုက်ပွဲဖြစ်လို့ ကားပိတ်၊ ကားမလာတာ တစ်မျိုး၊ ရေကြီးတာကတစ်မျိုးနဲ့ဝင်ငွေလည်း သိသိသာသာလျော့နည်းလာတာပေါ့။ ဒီဘက် မှာလည်း ကုန်စျေးနှုန်းကကြီးအလုပ်ကိုင်က ရှားပါး၊ တစ်ရက်လုပ်မှ တစ်ရက်စားရတော့ အခက်ခဲတော်တော်ဖြစ်နေပြီ”” လို့ မြ၀တီမြို့တွင်းကုန်ပစ္စည်းတင်ချပြုလုပ်သူ တစ်ဦးက Connect Burma ကို ပြောပါတယ်။

သောင်ရင်းမြစ် ရေတိုးလာတာနဲ့ တောင်ကျချောင်းရေ စီးဝင်လာမှုကြောင့် မြို့တွင်း ရေနုတ်မြောင်တွေ ရေလျှံလာပြီး မြဝတီ မြို့ပေါ်ရပ်ကွက်တွေ ၊ အသုံးများတဲ့ အဓိကလမ်းမကြီး‌တွေ လည်း ရေကြီးရေလျှံမှုဖြစ်ပွား‌နေတယ်လို့ ဒေသတွက်း သတင်းမီဒီယာတွေ ဖော်ပြကြပါတယ်။

ဒါပြင် သောင်ရင်းမြစ်ဘေးက ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့မဲဆောက်မြို့မှာ လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှု အန္တရာယ်သတိရှိကြဖို့လည်း ထိုင်းအာဏာပိုင်များက သတိပေးထုတ်ပြန်ချက်‌တွေ ထုတ်ပြန်ထားပါတယ်။

မိုး‌လေဝသနဲ့ ဇလဗေဒ ဌာနရဲ့ ဇွန်လ ၉ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ လာမည့် ဇွန် ၁၁ ရက်နေ့အထိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးဆက်လက်ပိုနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

Connect Burma

The Tanintharyi Times