အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁၆၉ ဦး ကန်ချနာဘူရီမှာ အဖမ်းခံရ

အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁၆၉ ဦး ကန်ချနာဘူရီမှာ အဖမ်းခံရ

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆၉ ဦးကိုထိုင်းနိုင်ငံ ကန်ချနာဘူရီ မှာထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းစာ Khaosod English ကဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသား ၁၆၉ ဦးဟာ ၂၂ ဘီးကုန်တင်ကားပေါ်မှာ ပုန်းခို လိုက်ပါလာတာဖြစ်ပြီး ကန်ချနာဘူရီ၊ ထွန်ဖာဖွမ် ခရိုင် စစ်ဆေးရေးဂိတ်မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ က သောကြာနေ့ မနက်ပိုင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒီထဲမှာ အမျိုးသမီး ၆၇ ဦးပါဝင်နေတယ်လို့ Khaosod English ကဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ဟာ ယခုလပိုင်းအတွင်း ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အများအပြားကိုဖမ်းဆီးနေတဲ့ အပြင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံသားအထောက်အထားမဲ့နေထိုင်သူတွေကို ဖမ်းဆီးတာတွေဆက်တိုက်လုပ်ဆောင်နေပါတယ်။

တစ်ဖက်မှာလည်း မြန်မာစစ်ကောင်စီ ဟာ စစ်မှုထမ်းဖို့ အကြုံးဝင်တဲ့ အသက်၁၈ နှစ်ကနေ ၃၅ အတွင်းမှာ ရှိတဲ့ လူငယ်တွေကို နိုင်ငံပြင်ပမှာ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

စစ်ကောင်စီ ဟာ အလတ်တလောမှာ အသက် ၁၈ နှစစ်ကနေ ၂၅ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ ခေါ်ယူနေတာဖြစ်ပါတယ်။

The Tanintharyi Times