စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းဗီဇာ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၇၀၀၀ ကျော်ရှိ
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းဗီဇာ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၇၀၀၀ ကျော်ရှိ
စစ်ကောင်စီ က စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၇၀၀၀ ကျော်ရှိ တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန် ချက်ကိုကားပြီး ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြထားပါတယ်။
မြန်မာစစ်တပ်က စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ကစလို့ ၁၂ ရက်အတွင်း မြန်မာနိုင်ငံသား ၇၀၀၀ ကျော်ဟာ ရန်ကုန်က ထိုင်းသံရုံး မှာ ပြည်ဝင်ခွင့် ဗီဇာလျောက်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျောက်ထားသူ အဆမတန်မြင့်တက်များပြားလာတာကြောင့် သံရုံးက ဗီဇာထုတ်ပေးရေး လုပ်ငန်းစဥ်တွေ ပြောင်းလဲသတ်မှတ်ခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ၁၆ရက်နေ့ကစလို့ ထိုင်းသံရုံးက တနေ့ကို လူဦးရေ ၄၀၀ဦးသာ လက်ခံဆောင်ရွက်ပေးနိုင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ လ ၂၀ ရက်နေ့မှာတော့ တစ်ရက် ကို လူ ၈၀၀ ထိ ဗီဇာလျောက်ထားနိုင်ဖို့ အတွက် အွန်လိုင်းပေါ်ကနေ ရက်ချိန်းရယူ လျောက်ထားနိုင်တဲ့ စနစ်ကို ပြောင်းလဲခဲ့ရတယ်လို့ဆိုပါတယ်။
စနစ် ပြောင်းလဲ ခဲ့ပေမယ့် လည်း မတ်လ ၁ ရက်နေ့ ဗီဇာလျောက်ထားဖို့ ရက်ချိန်းတိုကင် ရယူထားသူ ပြည့်နေပြီး ဗီဇာလျောက်ထား အရေအတွက် ဆက်လက်မြင့်တက်လာဖွယ် ရှိတယ်လို့ လည်း ဆိုပါတယ်။
အာဆီယံ ခရီးသွားလာရေး သဘောတူညီချက်အရ မြန်မာနိုင်ငံသားတွေ ဟာ ထိုင်းနိုင်ငံကိုဆိုက်ရောက် ဗီဇာ နဲ့ လာရောက်နိုင်ပေမယ့် ၁၄ ရက်ပဲ ခွင့်ပြုထားပါတယ်။
ဒါကြောင့် ရက်ကြာမြင့်စွာ နေထိုင်မယ့် ခရီးသွား ဗီဇာလျောက်ထားနေကြတာဖြစ်တယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Kanchana Patarachoke ကပြောပါတယ်။
စစ်ကောင်စီ က အသက် ၁၈ နှစ်က နေ ၃၅ နှစ်အထိ အမျိုးသားတွေ နဲ့ အသက် ၁၈ နှစ်ကနေ ၂၇ ထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ့် ဥပဒေ ကို အသက်သွင်းလိုက်တာကြောင့် မြန်မာ နိုင်ငံက လူငယ်တွေ ဟာ ထိုင်းနိုင်ငံကို ဗီဇာ လျောက်ထားပြီး လာဖို့ ပြင်ဆင်နေကြသလို ၊ အထောက်အထားမရှိဘဲ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးတိမ်းရှောင် လာကြတဲ့သူတွေလည်းရှိပါတယ်။
လတ်တလောမှာ မြန်မာ နိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့သူ တစ်ရက်ကို ၇၀၀ နဲ့ ၈၀၀ အကြားရှိတယ်လို့ လည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ရဲ့ စာရင်းအရသိရှိရပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် ကတော့ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေထွက်ပြေး လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ် လို့ အခုလ ၁၉ ရက်နေ့ ကပြောကြားခဲ့ပါတယ်။
ထိုင်း အတိုက်အခံပါတီတစ်ခု ဖြစ်တဲ့ FAIR ပါတီ အမတ် ကန်နာဝီ ဆစ်ဘ်ဆန်ကတော့ မြန်မာစစ်တပ်က ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ အကူအညီပေးဖို့ ထိုင်းအစိုးရကိုမနေ့က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံသား အများအပြားထိုင်းနိုင်ငံထဲ ကို “ထွက်ပြေး” လာခြင်းဟာ “တရားမဝင် ခိုးဝင်” လာတာ မဟုတ်ဘဲ အသက်ဘေးက လွတ်မြောက်ဖို့ ကြိုးစားနေမှုသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
