သက်ဆင်ရဲ့ နိုင်ငံရေး ခြေလှမ်းတွေ စတင်နေပြီလား

သက်ဆင်ရဲ့ နိုင်ငံရေး ခြေလှမ်းတွေ စတင်နေပြီလား

ထောင်ဒဏ် ကျခံနေရာ က ပြန်လည်လွတ်မြောက်လာတဲ့ ထိုင်းဝန်ကြီးချုပ် ဟောင်းသက်ဆင်ဟာ မနက်ဖြန်မှာ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နဲ့တွေ့ဆုံဖို့ ရှိတယ်လို့ သက်ဆင်ရဲ့ သမီးဖြစ်သူ ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ပေထုံတန် က ပြောပါတယ်။

ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း လည်းဖြစ် သက်ဆင်ရဲ့ မိတ်ဆွေလည်းဖြစ်တဲ့ ဟွန်ဆန် ဟာ ဘန်ကောက်မြို့ မှာရှိတဲ့ သက်ဆင်ရဲ့ Shining Moon စံအိမ်ကို လာရောက်တွေ့ ဆုံမှာဖြစ်တယ်လို့ ထိုင်း သတင်းဌာန တစ်ခုဖြစ်တဲ့ Khaosod English ကရေးသားထားပါတယ်။

ဟွန်ဆန် ရဲ့ ခရီးစဉ်ဟာ မနက်ဖြန်မနက် ၁၀ နာရီ မှာ စတင်မယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

ဟွန်ဆန်က ကိုယ်ရေး ကိုယ်တာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ်လာရောက်တာဖြစ်ပေမယ့် လည်းထိုင်းအစိုးရ လုံခြုံး ရေး အပြည့်အဝ ယူပေးမယ်လို့ လည်း Khaosod ကရေးသားထားပါတယ်။

သက်ဆင်ရဲ့ သမီးဖြစ်သူ ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ပေထုံတန် ကတော့ မနက်ဖြန် တွေ့ဆုံပွဲ အတွက် သက်ဆင်ရဲ့ ကျန်မားရေး အခြေအနေကို စိုးရိမ်တယ်လို့ ပြောပါတယ်။

သူမရဲ့ ဖခင်ဖြစ်သူ ကျန်းမာရေး အခြေအနေဟာ လတ်တလော ဆေးရုံပြန်တက်စရာ မလိုအပ်ပဲ အတော် နေကောင်းလာတယ်လို့ ဆိုပါတယ်။

“ အိမ်ပြန်ရောက်ချိန်မှာတော့ သွေးပေါင်ချိန်တက်နေပေမယ့် သက်သာလာပါတယ်။ နေရာ တစ်ခုတည်းမှာ အကြာကြီးနေခဲ့ရသူတွေက သူတို့ကိုယ်သူတို့ ထိန်းညှိနိုင်ဖို့ အချိန်လိုပါတယ်” လို့ သက်ဆင်ရဲ့ သမီးဖြစ်သူ ပေထုံတန် ကပြောပါတယ်။

ဖွေ့ထိုင်း ပါတီ ဟာ ဒီကနေ့ မှာပဲ သက်ဆင် နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီရှင်းလင်းပွဲမှာ ဖွေ့ထိုင်းပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိ Danupon Punnakan က ဝန်ကြီးဟောင်းသက်ဆင်ဟာ COVID-19 ကို သုံးကြိမ်တိုင်တိုင် ကူးစက်ခံထားရပြီး ကိုဗစ် နောက်ဆက်တွဲရောဂါဝေဒနာတွေကို နာတာရှည်ခံစားနေရတယ်လို့ ဆိုပါတယ်။

“ သူက အမှန်တကယ်နေမကောင်းဖြစ်နေတာပါ” လို့ အင်္ဂါနေ့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Danupon Punnakan ကပြောပါတယ်။

သက်ဆင်ရဲ့ သမီး ဖြစ်သူ ပြောပြချက်အရတော့ သက်ဆင်ဟာ နာတာရှည် လည်ပင်းကျီးပေါင်းဝေဒနာ နဲ့ လက်မောင်း အရိုး နာကျင်ကိုက်ခဲတာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

ရဲဆေးရုံမှာ အကျဉ်းချခံထားရပြီး အသက်အရွယ်ကြောင့် လေ့ကျင့်ခန်းမဆင်းနိုင်ဘဲ အခြေအနေတွေ ပိုဆိုးလာခဲ့တာဖြစ်တယ်လို့ လည်း Danupon Punnakan ကဆိုပါတယ်။

လက်ရှိ အခြေအနေမှာတော့ နေအိမ်ပြန်ရောက်လာပြီဖြစ်တဲ့ အတွက်ကျန်းမာရေး အခြေအနေတိုးတက်ကောင်းမွန်လာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင်က တော့ သူ့အနေနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့တွေ့ဆုံ အစီစဉ်မရှိသေးဘူးလို့ပြောပါတယ်။

“ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကိုသွားရောက်တွေ့ ဆုံဖို့ အစီစဉ်မရှိပါဘူး ။” ဆရက်သာ သာဝိစင်က ဖွေ့ထိုင်း ပါတီရဲ့ ရုံးချုပ်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ထိုင်း အတိုက်အခံအမတ်တွေ က ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် နှစ်ဦး(ဆရက်သာ သာဝိစင် နဲ့ သက်ဆင် ကိုရည်ညွန်းပြောဆို) တာဝန် ထမ်းဆောင်နေတယ်လို့ ဝေဖန်မှုတွေ နဲ့ပတ်သက်ပြီးတော့ လည်း ဆရက်သာ သာဝိစင်ကတုန့်ပြန်ခဲ့ပါတယ်။

“ ကျွန်တော် နဲ့ တာဝန် နဲ့ ကျွန်တော်ပါပဲ” လို့ အဆိုပါ မှတ်ချက်နဲ့ပတ်သက်ပြီး ဆရက်သာ သာဝိစင် ကတုန့်ပြန် ပြောကြားခဲ့တာပါ။

ဖွေ့ထိုင်းပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိ Danupon Punnakan ကတော့ သက်ဆင်ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့ အခါ နိုင်ငံရေး အတွက် အကြံဉာဏ်ကောင်းတွေ ပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ သူအခု ပြန် ကျန်းမာလာတော့ နိုင်ငံရေးသမား တွေအတွက် အကြံဉာဏ်ပေးနိုင်တော့မယ်လို့ ထင်ပါတယ်” လို့ သူကဆိုပါတယ်။

ထိုင်းနိုင်ငံကနေ ၁၅ နှစ်ကြာ တိမ်းရှောင် နေပြီး ၆လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သက်ဆင်ဟာ အကျဉ်းထောင်ကပြန်လွတ်လာပြီး သုံးရက်အကြာမှာ ပဲ သူ့ရဲ့ မိတ်ဆွေ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နဲ့ ဆွေ့ဆုံ ပြီး နိုင်ငံရေးခြေလှမ်းတွေ ပြန်လည်စတင်တော့မယ်လို့ ထိုင်း သတင်းစာတွေက အကဲဖြတ်နေကြပါတယ်။

ကိုးကား - Khaosod English , The Reporters

(ယခု ဘာသာပြန် သတင်းသုံးသပ်ချက်ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times