နံရံကိုတွန်း

နံရံကိုတွန်း

ပြတင်းပေါက်မရှိ
ဓာတ်ပုံမရှိ
ပန်းချီကားမရှိ
သွေးကြောကျဉ်းနေတဲ့ရင်ဘတ်ကြီး
စကားလုံးတွေကျဉ်းနေတဲ့ပါးစပ်ကြီး
ထွက်ပေါက်မရှိတဲ့နံရံကြီး
နေ့စဉ်ဖုန်ထနေတဲ့ဟာသ
နံရံကိုတွန်းရွှေ့လို့ရရင်တောင်
နောက်ထပ်နံရံတွေပဲထပ်ပေါ်လာမတဲ့
ရတယ်
ငါက တောင်တစ်တောင်ကိုကျော်လို့
သည့်ထက်ပိုမြင့်တဲ့တောင်ပေါ်ကလာခဲ့တာပေါ့ကွာ
မျှော်လင့်ချက်ဆိုတာ

သံခြေကျဉ်းသံတညံညံထဲက
အံကြိတ်သံလို
ဓား ဓားချင်းထိလို့ မီးပွင့်သွားတဲ့စစ်ချီတေးလို။

နိုင်မွန်အောင်သွင်

The Tanintharyi Times