မြန်မာအရေးဆွေးနွေးဖို့ အမေရိကန် ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးအထူးသံအမတ် ထိုင်းကိုလာမယ်
မြန်မာအရေးဆွေးနွေးဖို့ အမေရိကန် ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးအထူးသံအမတ် ထိုင်းကိုလာမယ်
မြန်မာ အရေးဆွေးနွေးဖို့ အတွက် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ်ဗန်ရှက်ခ် ထိုင်းနိုင်ငံကိုလာရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန က သတင်းထုတ်ပြန်ပါတယ်။
အထူးသံအမတ်ကြီး ဘတ်သ်ဗန်ရှက်ခ်ဟာ ထိုင်းနိုင်ငံကို အောက်တိုဘာ ၄ ရက်ကနေ ၇ ရက်အထိ လာရောက်မှာဖြစ်ပြီး ထိုင်းအစိုးရအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပညာရှင်အဖွဲ့တွေနဲ့ တွေ့ဆုံမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သူဟာ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ခံစားရသူတွေ အတွက် တရားမျှတမှုနဲ့ တာဝန်ယူမှုရှိစေရေး ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခံစားရပြီး အသက်ရှင်လွတ်မြောက်သူတွေ အတွက် တရားမျှတမှုဖော်ဆောင်ဖို့ အမေရိကန်က ကြိုးစားနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး အတွက် အထောက် အကူဖြစ်စေမယ့် အခြေအနေများကို ဖန်တီးပေးရန် ဆက်လက်တောင်းဆိုသွားမယ်လို့ လည်း အမေရိကန် နိုင်ငံခြားရေးဝန်ဝကီးဌာန ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
