ရေကြီးတဲ့ကမ္ဘာ

ရေကြီးတဲ့ကမ္ဘာ

ရေကြီးတဲ့ကမ္ဘာ
သန်းခေါင်ထက်ပိုနက်ပါတယ်။
ရေကြီးတဲ့ကမ္ဘာ
ကိုယ့်အသက်ကိုပြန်ဆယ်ရတာလည်း
ပိုခက်လှပါတယ်။
ရေကြီးတဲ့ကမ္ဘာ
ကြောင်ဟာ ရေကြာကြာငုပ်နေခဲ့တယ်။
ရေကြီးတဲ့ကမ္ဘာ
ဆင်းရဲတဲ့သူဟာ ပိုပြီးရေမြုတ်လွယ်တယ်။
ရေကြီးတဲ့ကမ္ဘာ
ဥစ္စာအခါခါပျောက်ရ။
ရေကြီးတဲ့ကမ္ဘာ
ငရဲအခါခါကျရ။
ရေကြီးတဲ့ကမ္ဘာ
ရွှံ့တွေနွံတွေ အသံမဲ့သက်သေ။
ရေကြီးတဲ့ကမ္ဘာ
မျှော်လင့်ချက်တွေ အလံတလူလူပဲ။
ရေကြီးတဲ့ကမ္ဘာ
ဒိုင်ကြောင်တွေမျောမသွားသေးဘူးလား။
ရေကြီးတဲ့ကမ္ဘာ
လူညစ်တွေရော ပါမသွားသေးဘူးလား။

နိုင်မွန်အောင်သွင်

The Tanintharyi Times