ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အသက်စွန့်ကြိုးပမ်းသွားမယ်လို့ KNDO Special တပ်ရင်းနဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကတိပြု

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အသက်စွန့်ကြိုးပမ်းသွားမယ်လို့ KNDO Special တပ်ရင်းနဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကတိပြု

ရုပ်သံ - ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်

ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အသက်စွန့်ကြိုးပမ်းသွားမယ်လို့ KNDO Special တပ်ရင်းနဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကတိပြုပြောဆိုလိုက်ပါတယ်။

“အမြန်ဆုံးပြည်သူတွေလိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီရနိုင်အောင်လို့ ကျနော်တို့အသက်နဲ့ပေးဆပ်ပြီးတော့ အကောင်းဆုံးကြိုးစားသွားမယ်လို့ ဒီဗိုလ်ကြီးရော၊ ကျနော်တို့ရော ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ရဲဘော်တွေရော၊ KNDO Special တပ်ရင်းက ဗိုလ်ကြီးရော အားလုံးကတိကဝတ်ပြုပြီးတော့ ကတိပေးပါတယ်” လို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးရဲ့ ရဲဘော်ကြီး မိုးကြိုး_Tavoy က ပြောပါတယ်။

KNDO_Special တပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်အယ်ကွီး (ခ) ​ကော်လာဖိုး နဲ့ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦးက ရဲ​​ဘော်ကြီး မိုးကြိုး_Tavoy တို့က မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူတွေနဲ့ ​တော်လှန်​ရေး ညီအစ်ကိုမောင်နှမတွေကို မိတ်ဆက်၊ အား​ပေးစကား​ပြောတာတွေနဲ့ အတူ လက်ရှိ ကြုံ​တွေ့​နေရ​တဲ့ အခက်အခဲတချို့ကို ရုပ်သံဖိုင်နဲ့ ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီထောင့်ပံ့ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

The Tanintharyi Times