နန့်ဆန်မြို့ကို TNLA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ထုတ်ပြန်

နန့်ဆန်မြို့ကို TNLA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နန့်ဆန့်မြို့က အာဏာသိမ်းစစ်ကောင်စီတပ် အခြေစိုက်စစ်စခန်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရက်နေ့က အပြီးသတ်တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်လိုက်နိုင်ပြီလို့ တအာင်းတပ်မတော် TNLAက ထုတ်ပြန်ပါတယ်။

နန့်ဆန်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ၁၀၂၇စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့ကစလို့ တအာင်းတပ်မတော်TNLAက တိုက်ခိုက်လာခဲ့ရာမှာ ၆ရက်အကြာ ဒီဇင်ဘာလ ၁၅ရက်နေ့မှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နန့်ဆန်မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ အလောင်း ၆၀ကျော်နဲ့ စစ်သုံပန်းအဖြစ် စစ်သား၃၀ဦး၊ မိသားစုဝင် ၃ဦး၊ ရဲတပ်ဖွဲ့ဝင် ၆ဦးနဲ့ ရဲမိသားစုဝင် ၂၅ဦး စုစုပေါင်း ၆၄ဦး ဖမ်းဆီးရမိခဲ့တယ်လို့ TNLAကဆိုပါတယ်။

နန့်ဆန်မြို့က တပ်စခန်းတွေအပြင်၊ စစ်တပ်ပိုင် လက်ဘက်ခြောက်စက်ရုံ၊ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာ ရုံးတွေအကုန်လုံး သိမ်ပိုက်လိုက်ပြီလို့ ဆိုပါတယ်။

နန့်ဆန်မြို့ တိုက်ပွဲတွေမှာ စစ်ကောင်စီ မန်တုံအခြေစိုက် ခလရ ၁၃၀တပ်က လက်နက်ကြီးပစ်ခတ်မှု အကြိမ်အရေအတွက် အများအပြားအသုံးပြုခဲ့တဲ့အပြင် လေကြောင်းကနေ Mi35နဲ့ ၁ကြိမ်၊ ART-42နဲ့ ၅ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၁၉ကြိမ်၊y12လေယာဉ်နဲ့ ၅ကြိမ် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်ရဲ့ ဟောင်ဝစ်ဇာအမြောက် ၄စင်းအပါအဝင် လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

connect burma

The Tanintharyi Times