မြန်မာအမြဲတမ်းကိုယ်စားလှယ် နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ထပ်မံဆိုင်းငံလို့ ဦးကျော်မိုးထွန်းသာ ကုလကိုယ်စာလှယ်အဖြစ် ဆက်ရှိနေ

မြန်မာအမြဲတမ်းကိုယ်စားလှယ် နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ထပ်မံဆိုင်းငံလို့ ဦးကျော်မိုးထွန်းသာ ကုလကိုယ်စာလှယ်အဖြစ် ဆက်ရှိနေ

မြန်မာနိုင်ငံက ကုလသမဂ္ဂ အမြဲတမ်းကိုယ်စာလှယ် နိုင်ငံကိုယ်စားပြုမှုအရေးကို ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံ ကိုယ်စားလှယ်ရွေးချယ်ရေး ကော်မတီက ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာကြောင့် လက်ရှိ ကုလကိုယ်စားလှယ်ဖြစ်နေတဲ့ ဦးကျော်မိုးထွန်းသာ တာဝန်ဆက်လက်ထမ်းဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

၇၈ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ တင်သွင်းချက် ၂ ခု ရရှိခဲ့ပေမယ့် ကိုယ်စားလှယ်ရွေးချယ်ရေးကော်မတီက ဆိုင်းငံ့ထားဖို့သာ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာလို့ သိရပါတယ်။

ဒီလိုဆိုင်းငံ့လိုက်တာကြောင့် လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ရှိနေတဲ့ ဦးကျော်မိုးထွန်းကသာ ဒီတာဝန်ကို ဆက်လက်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်ရွေးချယ်ရေးဆုံးဖြတ်ချက်ကို မနှစ်ကလည်း အခုလို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပြီး ဦးကျော်မိုးထွန်းကသာ ဆက်လက်တာဝန်ထမ်းဆောင်နေရတာပါ။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ကိုယ်စားလှယ်ရွေးချယ်ရေးကော်မတီက ပြီးခဲ့တဲ့ဒီဇင်ဘာလ ၆ ရက်နေ့မှာ အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာနဲ့အာဖဂန်နစ္စတန်နိုင်ငံတွေက နိုင်ငံကိုယ်စားပြုမှုအရေးတွေကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။