CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံတို့ BURMA Act အကောင် အထည် ဖော်ရေးတွေ့ဆုံ ဆွေးနွေး

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံတို့ BURMA Act အကောင် အထည် ဖော်ရေးတွေ့ဆုံ ဆွေးနွေး

အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းထားတဲ့ BURMA Act အကောင် အထည် ဖော်ရေး CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ Derek Cholletက တွစ်တာ လူမှုကွန်ရက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet က CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ BURMA Act အကောင်အထည်ဖော်ဆောင်မှုအတွက် အမေရိကန်ပြည်‌ထောင်စုရဲ့အကူအညီတွေရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

The Tanintharyi Times