ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခန့်အပ်

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခန့်အပ်

Photo - Department of Foreign Affairs and Trade (Australia) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ် တို့ ၂၀၁၃ ခုနှစ်က တွေ့ဆုံစဉ်

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ပ် (Julie Bishop) ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် အဖြစ် ဧပြီ ၅ ရက်နေ့မှာခန့် အပ်လိုက်ပါတယ်။

ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အနားယူသွားတဲ့ စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာ နေရာမှာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကိုခန့်အပ်လိုက်တာဖြစ်ပါတယ်။

ဂျူလီဘိရှော့ဟာ လက်ရှိမှာ ဩစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူမဟာ နိုင်ငံရေး၊ ဥပဒေရေး၊ စီမံခန့်ခွဲရေးနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍ နယ်ပယ်တွေမှာ အတွေ့အကြုံများလှသူ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဂျူလီ ဘိရှော့ပ်ဟာ ဩစတြေးလျရဲ့ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ၂၀၁၃ ကနေ ၂၀၁၈ အထိ ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

သူမ ဟာ ဩစတြေးလျပါလီမန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၁၉၉၈ခုနှစ် ကနေ ၂၀၁၉ ခုနှစ် ထိ နှစ်ပေါင်း ၂၀ နှစ်ဆယ်ကြာ အမှုထမ်းခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times