အမှောင်ရိပ်အောက်မှာ

အမှောင်ရိပ်အောက်မှာ

စစ်အာဏာသိမ်းပြီး တစ်ပတ်လောက်ကြာတော့ ရွာကရုံးဝန်ထမ်းအစုအဖွဲ့တွေထဲ ကိုရင်မောင် ပထမဦးဆုံး CDM စလုပ်တော့တာပဲ။ ဒီကောင်တွေအတွက် ဘာမှ လုပ်မပေးချင်ဘူး။ မကျေနပ်လို့ လာဖမ်းချင်လည်း ဖမ်းခံလိုက်မယ်ဆိုပြီး ကိုရင်မောင် CDM လုပ်ခဲ့တာပဲ။

ရွာက ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာလည်း အတက်ကြွဆုံး ကိုရင်မောင်ပါဝင်ခဲ့တယ်။ ကိုရင်မောင့် အမျိုးသမီးကတော့ နဂိုကတည်းက ကိုရင်မောင့်မျက်နှာ တစ်ကမ္ဘာ ၊ စိတ်ချမ်းသာရင် လုပ်ချင်တာလုပ်ပါစေ သဘောထားရိုးသူမို့ ကိုရင်မောင် အခုလို လုပ်တာကို တစ်ခွန်းတပါဒမှ တားမြစ်ငြူစူတာမရှိဘူး။

CDM မို့ ဝန်ထမ်းလိုင်းခန်းက ဖယ်ရတော့ ကိုရင်မောင်ခေါ်ရာ အထုတ်ကလေးဆွဲပြီး လိုက်လာတာပဲ။ ကိုရင်မောင်လည်း ရွာထဲက အသိမိတ်ဆွေတစ်ယောက်ရဲ့ အိမ်ခြံဝင်းအလွတ်လေးထဲမှာ နေဖို့ခွင့်တောင်းပြီးနေတယ်။ ခြံဝင်းထဲ အဖီတဲလေးထိုးပြီးနေကြတယ်။ ဘယ်သူ့ဆီကမှလည်း သီးခြား အထောက်အပံ့ အကူအညီမတောင်းဘူး။

The Tanintharyi Times