Air Cargo နဲ့ ကုန်ပစ္စည်းတင်ပို့မှု စစ်တပ်ကကန့်သတ်လာ
Air Cargo နဲ့ ကုန်ပစ္စည်းတင်ပို့မှု စစ်တပ်ကကန့်သတ်လာ
ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို လေကြောင်းကနေ Air Cargo နဲ့ ကုန်ပစ္စည်းတင်သွင်းမှုကို စစ်တပ်က ကန့်သတ်ထိန်းချုပ်ထားတာတွေ လုပ်ဆောင်လာတယ်လို့ သိရှိရပါတယ်။
Air Cargo နဲ့ ကုန်ပစ္စည်းတင်သွင်းမှု ကန့်သတ်မှုများရှိလာတာကြောင့် စီးပွားရေးလုပ်ငန်းသုံးကုန်ပစ္စည်း ကီလိုအများအပြား တင်ပို့မှုကို ကုမ္ပဏီအချို့ ယာယီရပ်နားထားတယ်လို့လည်း သိရပါတယ်။
“ဟုတ်ပါတယ်။ Air ဘက်က တက်လာတဲ့သတင်းက မှန်ပါတယ် တကိုယ်ရေစာပဲတင်သွင်းခွင့် ရတော့မယ်ပြောတယ်။ စီးပွားဖြစ်သယ်တာတွေ ခွင့်မပြုတော့တာ။ ကုန်သည်တွေ အနည်းဆုံး တစ်လစာ အခြားလမ်းကြောင်းပြောင်းဖို့ အခက်အခဲကြုံတွေ့ရမှာ အမှန်ပဲ။” လို့ စီးပွားရေးလုပ်ကိုင်သူတစ်ဦးက Connect Burma ကိုပြောပါတယ်။
Air Cargo နဲ့ ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်တာကို စစ်တပ်က သြဂုတ် ၂၃ ရက်နေ့စလို့ စီမံချက် နဲ့စတင်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် ကုန်သည် အများစု ထိုင်းကုန်ပစ္စည်း တင်သွင်းမှု ရပ်နားထားသလို ရပ်နားချိန် ကြာလာတာနဲ့အမျှ ထိုင်းကုန်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်အုပ်စုက နယ်စပ်ကုန်သွယ်ရေးပြုလုပ်ခွင့်လိုင်စင်ကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးပြီး ထိုင်းနိုင်ငံဘက်ခြမ်းက တင်သွင်းလာတဲ့ ကုန်ပစ္စည်းများကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဟုဆိုကာ စစ်ဆေး၊ ဖမ်းဆီးမှုပြုလုပ်နေတာဖြစ်ပါတယ်။
တဖက်မှာလည်း စစ်တပ် ဟာ ထိုင်း-မြန်မာ တရားဝင် ကုန်သွယ်မှု ပြုလုပ်နေတဲ့ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေး တံတားကို ဩဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး ယာယီ ပိတ်လိုက်တဲ့အတွက် မဲဆောက် ဘက်ကနေ မြဝတီဘက်ကို တင်ပို့မယ့် ကုန်တင်ကား အစီးရေ ၅၀၀ ကျော် ပိတ်မိနေတယ်လို့သိရပါတယ်။
Connect Burma
The Tanintharyi Times
