နိုင်ငံသားသတင်းစာပညာ လက်စွဲ (၇)

နိုင်ငံသားသတင်းစာပညာ လက်စွဲ (၇)

လုံခြုံရေး

လုံခြုံရေးဟာ မိတ်ဆွေတို့အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။

• ရုပ်ပိုင်းဆိုင်လုံခြုံရေးကိုလည်း ဂရုစိုက်ပါ။ အန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာ ဆိုင်သွားထိုင်တာမျိုး ရှောင်သင့်ပါတယ်။ ညအမှောင်မှာ ပြန်လာရင် သတိထားပါ။

• သောက်လာမိရင် အိမ်ကိုတန်းတန်းမတ်မတ် ပြန်ရောက်ပါစေ။

• ကိုယ်ဘယ်ကို သွားတယ်၊ ဘယ်အချိန် ပြန်ရောက်မယ်ဆိုတာကို တစုံတယောက်ကို အမြဲပြောပြထားပါ။

• အကြောင်းမရှိရင် သတင်းသမားချင်း လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်မထိုင်တာ ကောင်းပါတယ်။ ထိုင်ဖြစ်ရင်လည်း အလုပ်ကိစ္စ မပြောကြတာ ကောင်းပါတယ်။

• ဒစ်ဂျစ်တယ် လုံခြုံရေးကိုလည်း အထူးဂရုစိုက်ပါ။ အီးမေးအကောင့် အပိုဖွင့်ထားပါ၊ ဟန်ပြသုံးပြထားပါ။

• အလုပ်ကိစ္စပြောတဲ့ ဖုန်းကတ်ကို သီးခြားသုံးပါ။

• လူမှုမီဒီယာမှာ နိုင်ငံရေးအယူအဆတွေ၊ ကိုယ်ကိုခရီးထွက်နေတယ် ဆိုတာတွေ၊ ဘာလုပ်နေတာတွေ မတင်ပါနဲ့။ လူမှုရေးအတွက်ပဲ သုံးပါ။

• ကွန်ပြူတာထဲမှာ ဖုန်းထဲမှာ အချက်အလက်တွေ သိမ်းမထားပါနဲ့။ သီးခြားသိမ်းဆည်းပါ။

• သတင်းလုပ်ငန်း၊ နိုင်ငံရေးလုပ်ငန်းမဟုတ်တဲ့ တစ်စုံတစ်ခုမှာ ကိုယ်အာရုံစိုက်နေကြောင်း ပြပါ။ ဥပမာ - ဘောလုံးကစားတာ၊ ရုပ်ရှင်ကြည့်တာ၊ အိမ်အလုပ်လုပ်နေတာမျိုး။

• စစ်ဆေးရေးဂိတ်တွေမှာ ရှာဖွေခံရတဲ့အခါ ပေါ့ပေါ့ပါးပါး ပြုံးပြုံးရွှင်ရွှင် နေပါ၊ ဒေါသကို ထိန်းချုပ်ပါ။ မလိုအပ်ဘဲ ပြဿနာ မဖြစ်ပါစေနဲ့။

(ဆက်လက် ဖော်ပြပါမယ်။)

ဖော်ပြခဲ့ပြီးတဲ့ နိုင်ငံသားသတင်းစာပညာ လက်စွဲပါ အကြောင်းအရာတွေ
နိုင်ငံသားသတင်းစာပညာ လက်စွဲ (၂)https://www.tntynews.com/2023/07/16/21306/
နိုင်ငံသားသတင်းစာပညာ လက်စွဲ (၃)https://www.tntynews.com/2023/07/23/21939/
နိုင်ငံသားသတင်းစာပညာ လက်စွဲ (၄)https://www.tntynews.com/2023/07/30/22373/
နိုင်ငံသားသတင်းစာပညာလက်စွဲ (၅) https://www.tntynews.com/2023/08/06/22772/
နိုင်ငံသားသတင်းစာပညာ လက်စွဲ(၆) https://www.tntynews.com/2023/08/13/23244/

The Tanintharyi Times