တော်ဝင်အသရေ ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် အာမခံ ပယ်ချခံရ

တော်ဝင်အသရေ ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် အာမခံ ပယ်ချခံရ

ထိုင်းနိုင်ငံမှာတော်ဝင်အသရေ ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင်ပေါလ်ချမ်ဘာရဲ့ အာမခံ လျောက်ထားမှုကို ဖိစနူလော့ခရိုင် တရားရုံးက ပယ်ချလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ နရဲစွမ် ကတ္ကသိုလ်၊ လူမှုသိပ္ပံဌာန(Faculty of Social Sciences) လက်အောက်က အာဆီယံအသိုက်အဝန်းလေ့လာရေးစင်တာမှာ အကြံပေးပါမောက္ခအဖြစ်လုပ်ဆောင်နေတဲ့ ပေါလ်ချမ်ဘာကို ထိုင်းစစ်တပ်က တော်ဝင်အသရေ ဖျက်မှုနဲ့တရားစွဲထားတာဖြစ်ပါတယ်။

ဖိစနူလော့ခရိုင် ရဲစခန်းကတော့ ပေါလ်ချမ်ဘာကိုတော်ဝင်အသရေ ဖျက်မှု အပြင်၊ဘုရင်နဲ့မိဖုရားကို အသရေဖျက်တဲ့ စကားလုံးတွေကို ကွန်ပြူတာစနစ်ထဲ ထည့်သွင်းတဲ့ အမှု(ကွန်ပြူတာ အက်ဥပဒေ)နဲ့ပါ အမှုဖွင့်ကာ ဝရမ်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က နိုင်ငံရေးသိပ္ပံပညာရှင် ပေါလ်ချမ်ဘာကို ဖိစနူလော့ခရိုင် ရဲစခန်းက ဝရမ်းထုတ်ခဲ့ပြီး ဧပြီလ ၈ ရက်နေ့မှာ အာမခံလျောက်ထားရာမှာ ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

အာမခံလျောက်ထားမှုပယ်ချခဲ့တဲ့ အပြင် ဒီနေ့မှာပဲ တော်ဝင်အသရေ ဖျက်မှုနဲ့တရားရုံး က စွဲချက်တင်လိုက်တယ်လို့လည်း ထိုင်းသတင်းတွေကဖော်ပြပါတယ်။

လတ်တလောမှာ ပေါလ်ချမ်ဘာကို ဖိစနူလော့ ရဲစခန်းကဖမ်းဆီးထားနိုင်တယ်လို့ Thai Enquirer သတင်းဌာနကဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ ပေါလ်ချမ်ဘာကို ဖမ်းထားခြင်းရှိ၊မရှိကိုတော့တရားဝင်ထုတ်ပြောတာမရှိဘဲ လျို့ဝှက် လုပ်ဆောင်နေတယ်လို့လည်း ထိုင်းသတင်းတွေကဆိုပါတယ်။

ထိုင်း စစ်တပ်က တရားရုံးကိုပို့ဆောင်ထားတဲ့ စာအရတော့ ပေါ်ချမ်ဘာ ဟာ ထိုင်း ဘုရင်၊ မိဖုရား၊ ထီးနန်းဆက်ခံသူတွေကို အသရေဖျက်တာ၊ စော်ကားတာ၊ ပြည်သူတွေအဆိုးလာအောင်ထုတ်ပြန်ရေး သားတာ၊ နိုင်ငံတော်လုံခြုံရေးထိခိုက်စေတဲ့ အရေးအသားတွေ ထုတ်ဝေတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

ပေါလ် ချမ်ဘာဟာ ထိုင်းနိုင်ငံရေး နဲ့ စစ်တပ် ရေးရာတွေကို သုတေသနပြုလုပ်နေသူဖြစ်ပြီး ထိုင်းဒီမိုကရေစီ နဲ့ ဘုရင်စနစ်အကြောင်းစာအုပ်တွေရေးသားထုတ်ဝေဖူးသူဖြစ်ပါတယ်။

ကိုးကား – Thai Enquirer

( ယခု ဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်း တင်ဆက်ပါတယ်)

The Tanintharyi Times