အင်းတော်မြို့နယ် ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်
အင်းတော်မြို့နယ် ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က အင်းတော်မြို့နယ် ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့သိရှိရပါတယ်။
မနေ့ က ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို KIA ဦးဆောင်ပြီး PDF ၊ ABSDF ၊ ပကဖမအဖွဲ့တို့က ပူးပေါင်းသိမ်းပိုက်လိုက်တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေဆီက စုံစမ်းသိရှိရပါတယ်။
အင်းတော်မြို့နယ်ကို သိမ်းယူတဲ့ စစ်ဆင်ရေးအတွင်း မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံး အားလုံးနဲ့ မြို့ပေါ် ဧရိယာအများစုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
တော်လှန်ရေး တပ်တွေက မြို့ကိုထိန်းချုပ်ထားချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။
အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင်ခဲ့ပြီး ၇ လကျော်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိတာဖြစ်တယ်လို့ သိရပါတယ်။

The Tanintharyi Times
