ငွေကြေးဖောင်းပွမှု(မွန်ဘာသာ)
ငွေကြေးဖောင်းပွမှု(မွန်ဘာသာ)
နိုင်ငံအတွင်း သုံးစွဲနေရတဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှု ဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာတာကို ငွေကြေး ဖောင်းပွ လာသတယ်လို့ ရိုးရိုးရှင်းရှင်းပြောလို့ရပါတယ်။
ငွေကြေးဖောင်းပွဲမှုနဲ့အတူ တွဲပြီး ဖြစ်လာတာကတော့ ဝယ်ယူနိုင်စွမ်းအား(Purchasing Power) ကျဆင်းမှုဖြစ်ပါတယ်။ အရင်နှစ်က ငွေ ၁၀၀၀ ကျပ်နဲ့ မုန့်ဟင်းခါးတစ်ပွဲ၊ လက်ဖက်ရည်တစ်ခွဲ ဝယ်နိုင်ပေမယ့် အခုနှစ်မှာ စျေးတက်သွားလို့ ငွေ ၁၀၀၀ ကျပ်နဲ့ မဝယ်နိုင်တော့ဘူးဆိုရင် အဲဒါကို ဝယ်ယူနိုင်စွမ်းအား လျော့ကြသွားတယ်လို့ ဆိုနိုင်ပါတယ်။
ငွေတန်ဖိုးကျဆင်းသွားတဲ့ဖြစ်စဥ်လို့လည်း ပြောလို့ရပါတယ်။ အရင်ငွေ ၁၀၀၀ ကျပ်ရဲ့ တန်ဖိုးက မုန့်ဟင်းခါးတစ်ပွဲ၊ လက်ဖက်ရည်တစ်ခွက်ရှိခဲ့တာကနေ အခု ငွေ ၁၀၀၀ ကျပ်က အဲဒီတန်ဖိုးမရှိတော့တာဟာ ငွေတန်ဖိုးကျဆင်းသွားတာဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


The Tanintharyi Times
