အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကို ဘယ်လို စောင့်ရှောက်၊ ကူညီနိုင်မလဲ
အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကို ဘယ်လို စောင့်ရှောက်၊ ကူညီနိုင်မလဲ
ကမ္ဘာပေါ်ရှိ အမျိုးသမီး ၃ ဦးတိုင်းမှာ ၁ ဦးဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံစားနေရပါတယ်။
အကြမ်းဖက်သူအများစုက သူတို့ရဲ့ အနီးစပ်ဆုံး ခင်ပွန်း/ချစ်သူတွေပဲ ဖြစ်ပါတယ်။
အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကို ကျန်းမာရေး စောင့်ရှောက်သူတွေက ဘယ်လိုကူညီပေးနိုင်ပါသလဲ။
Listen - နားထောင်ပါ။ သူတို့ဖွင့်ဟတာတွေကိုဝေဖန်မှတ်ချက်မပြုဘဲ ကိုယ်ချင်းစာနာစွာ
ဂရုတစိုက် နားထောင်ပေးပါ။
Inquire - မေးမြန်းပါ။ သူတို့ရဲ့ စိုးရိမ်စရာတွေနဲ့ လိုအပ်နေတဲ့ အကူအညီတွေကို မေးမြန်းပါ။
Validate - ရပ်တည်ပေးပါ။ သူတို့ ဖွင့်ဟတာတွေကို ယုံကြည်ကြောင်းနဲ့ သူတို့ကို နားလည်
ကြောင်း သူတို့နဲ့ အတူ ရပ်တည်ပေးပါ။
Enhance Safety – လုံခြုံရေးကို မြှင့်တင်ပါ။ သူတို့၏လုံခြုံရေးကို ကာကွယ်ပေးပါ။
Support - ပံ့ပိုးပေးပါ။ အခြားလိုအပ်တဲ့ ပံ့ပိုးမှုတွေ ချိတ်ဆက်ရရှိစေဖို့ ကူညီပေးပါ။
အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကို ကူညီတဲ့နေရာမှာ မထိခိုက်ပါစေနဲ့။ အမျိုးသမီးတွေရဲ့ ဆန္ဒကိုလေးစားပါ။
အကြမ်းဖက်ခံနေရပြီဆိုရင်
အမျိုးသမီးတစ်ယောက်အနေနဲ့ သင်နဲ့ သင့်ကလေးအတွက် လုံခြုံရေးအစီအမံ ပြုလုပ်ထားပါ။ တကယ်လို့ အိမ်မှာအကြမ်းဖက်ခံရပြီး အလျင်အမြန် ထွက်ပြေးဖို့ လိုအပ်လာပြီဆိုရင် ဒါတွေကို ဆောင်ရွက်ပါ။
- ရွေးချယ်ပါ။ သင်သွားနေလို့ရမယ့်
သူငယ်ချင်း၊ အိမ်နီးနားချင်း၊ ဆွေမျိုး၊ နားခိုနိုင် ရာ တစ်နေရာကို အရင်ရွေးချယ်ပါ။
- စီစဉ်ပါ။ အဲ့ဒီနေရာကို ဘယ်လို
ရောက်အောင်သွားမယ် ဆိုတာကို စီစဉ်ပါ။
- အဆင်သင့်ပြင်ပါ။
အတူယူသွားရမယ့် လိုအပ်တဲ့ ပစ္စည်းတွေကို အသင့်ပြင်ထားပါ။
အကြမ်းဖက်ခံရသူအမျိုးသမီးတွေဟာ ရုပ်နဲ့စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ရောဂါတွေခံစားရလေ့ရှိပြီး နီးစပ်ရာဆေးခန်းတွေကို လက္ခဏာအမျိုးမျိုးနဲ့ ရောက်လာလေ့ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ အဲ့ဒီအမျိုးသမီးတွေရဲ့ ဖွင့်ဟချက်တွေကို အသေအချာနားထောင်နိုင်ရင် အကြမ်းဖက်ခံနေရမှုဖြစ်စဉ်တွေကို သိရှိနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအပြင် လိုအပ်တဲ့ နောက်ဆက်တွဲ ပံ့ပိုးကူညီမှုတွေ ရရှိအောင်ပါ ချိတ်ဆက်ပေးနိုင်ပါတယ်။
အရေးပါတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့
- စောင့်ရှောက်ပါ။
အမျိုးသမီးအား ကနဦး စောင့်ရှောက်မှုပေးပါ။
- ကုသပါ။
ကျန်းမာရေး ဝန်ဆောင်မှုပေးပါ။
- အတည်ပြု မျှဝေပါ။
အကူအညီပေးနိုင်တဲ့ ဝန်ဆောင်မှုတွေ၊ အဲ့ဒီဝန်ဆောင်မှုတွေက ရရှိနိုင်မယ့်အချိန်၊
ဆက်သွယ်ရမယ့်နေရာ စတဲ့
အချက်အလက်တွေကို အတည်ပြုမျှဝေပေးပါ။
- ဖော်ဆောင်ပါ။
အကြမ်းဖက်ခံရသူကို လမ်းညွှန်လွှဲပြောင်း ပေးနိုင်မယ့် ချိတ်ဆက်မှုတွေ ဖော်ဆောင်ရပါမယ်။
- ရှာဖွေပါ။
အကြမ်းဖက်ခံရသူ လိုအပ်တဲ့ အကူအညီတွေနဲ့ ၎င်းတို့ထံ အန္တရာယ်အကင်းဆုံး ဘယ်လိုပံ့ပိုးနိုင်မယ်ဆိုတာကို ရှာဖွေရပါမယ်။
- ချိတ်ဆက်ပါ။
အခြားလိုအပ်တဲ့ ပံ့ပိုးမှုတွေ ရရှိစေဖို့ အမျိုးသမီးအား ချိတ်ဆက်လွှဲပြောင်းပေးပါ။
*WHOMyanmarကနေ အချက်အလက်တွေကို ရယူဖော်ပြထားတာ ဖြစ်ပါတယ်။




The Tanintharyi Times
