မ,လို့ ခေါ်သံ

မ,လို့ ခေါ်သံ

တစ်ခါတော့ ကရင်လေးတစ်ယောက် ၅၀၅ ပုဒ်မနဲ့ ထောင်ထဲကို ရောက်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ‘ကရင်မ’ ဆိုတဲ့ အမည်ကို ကင်ပွန်းတပ်ပေးလိုက်ကြပါတော့တယ်။ ဒီလိုပါပဲ။ စီဒီအမ်ရဲဝန်ထမ်းတွေဟာ ထောင်ထဲမှာ ‘ရဲမေ’ ဆိုတဲ့ အမည်ကို ပိုင်ဆိုင်ကြရတော့တာပါပဲ။

ဒီလိုနဲ့ပဲ “ဆရာမ ကော်ဖီတိုက်ပါဦး” ဆိုတာတွေ၊ “ကရင်မရေ ထောင်ဝင်စာလာတယ်” ဆိုတဲ့ အသံတွေ၊ “ရဲမေ ငါ့ကို နင်းပေးစမ်းပါ” ဆိုတဲ့ စကားတွေဟာ ထောင်နံရံတွေထဲမှာ လွင့်ပျံ့လို့ နေပါတယ်။

ဒါတွေဟာ အကျဉ်းသားတွေအတွက် အိမ်လွမ်းနာကို သက်သာစေသလား၊ ပိုတိုးစေသလားတော့ မပြောတတ်ပါဘူး။

ရင့်ပြည့်

The Tanintharyi Times