တိုင်းပြည်အနာဂတ်ကို သင်းသတ်နေတဲ့ ပညာရေးစနစ်
တိုင်းပြည်အနာဂတ်ကို သင်းသတ်နေတဲ့ ပညာရေးစနစ်
စာသင်ကျောင်းဆိုတာ ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက် အဓိကကျတဲ့ နေရာတစ်ခုပါ။ အသိဉာဏ်ထက်မြက်ဖို့၊ ကိုယ်ကျင့်တရားကောင်းဖို့၊ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့အပြင် စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန်သုံးသပ်နိုင်စွမ်း၊ အမှန်အမှား ခွဲခြားသိမြင်စွမ်း စတဲ့ အရည်အသွေးကောင်းတွေကို မွေးထုတ်ပေးရာနေရာလို့ သတ်မှတ်ထားကြတယ်။
ဒါပေမယ့် အာဏာရှင်အုပ်စိုးရာ တိုင်းပြည်မှာတော့ စာသင်ကျောင်းဟာ အာဏာရှင်တို့ သက်ဆိုးရှည်ဖို့အတွက် အသုံးချစရာနေရာ၊ ပြည်သူတွေ အသိဉာဏ်နုံနဲ့ဖို့ ဦးနှောက်မှိုင်းတိုက်ရာနေရာ၊ ကလေးတွေရဲ့ အနာဂတ်ကို သင်းသတ်ရာ နေရာတစ်ခု ဖြစ်သွားခဲ့ရတယ်။
The Tanintharyi Times
