ရေးမြို့နယ်မှာ စစ်အုပ်စုတပ်စစ်ကြောင်း နဲ့ တော်လှန်ရေးတပ်တွေ သုံးရက်ကြာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက် က ၁၂ ဦးသေဆုံး

ရေးမြို့နယ်မှာ စစ်အုပ်စုတပ်စစ်ကြောင်း နဲ့ တော်လှန်ရေးတပ်တွေ သုံးရက်ကြာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက် က ၁၂ ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းမှာ စစ်တပ်က အင်အားရာချီပါ စစ်အုပ်စုတပ်စစ်ကြောင်းတွေ နဲ့ တော်လှန်ရေးတပ်တွေ အကြား ၃ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက် က ၁၂ ဦးသေဆုံး ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ကထုတ်ပြန်ထားပါတယ်။

သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်သား ၁၀ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ MSRF က ဆိုပါတယ်။

ရေးမြို့နယ် မြောက်ပိုင်းမှာ စစ်တပ်က အင်အား ၄၀၀ ကနေ ၆၀၀ အကြားရှိတဲ့ စစ်တပ်စစ်ကြောင်း သုံးခု ဟာ တောက်လျှောက်စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ တွေဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ရေးမြို့နယ်၊ ဘေလမိုင်း‌ကျေးရွာ မှ အေးကမ္ဘာ‌ ကျေးရွာအနီးကို အောက်တိုဘာ ၁၂ ရက်၊ မနက် ၁၁ နာရီ၊ ၁၀ မိနစ်အချိန်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ထိတွေ့ ပစ်ခတ်မှု မိနစ် ၃၀ခန့် ကြာခဲ့ပြီး၊ အဲဒီတိုက်ပွဲမှာ ရန်သူစစ်ကောင်စီဘက်မှ ဗိုလ်ကြီး(၁)ဦး အပါအဝင် အကြမ်းဖက် စစ်သား ၈ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MSRF ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၁ရက်၊ နေ့လည် ၁၂ နာရီမှာ အောင်သပြေ ဘုန်းကြီးကျောင်းအနီးရှိ ရန်သူစစ်တပ် ကို ဒရုန်းဗုံးသီး(၂)လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး (၄၀)မမ ဗုံးသီး(၂)လုံး ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်မှ တပ်သား(၁)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့နယ် ကနင်က‌မော့ရွာ အနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၀ရက် ၊ မနက် ၇ နာရီအချိန်မှာ ပြောက်ကျားစစ်နဲ့ တိုက်ခိုက်ခဲ့ ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များ တစုံတရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပြီး ရန်သူစစ်တပ်ဘက်မှ တပ်ကြပ်ကြီး(၁)ဦးနှင့် တပ်သား(၁)ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၁၀ရက် ညနေ ၄ နာရီမှာတော့ အောင်သာယာရွာ နဲ့ လိမ္မော်ခြံရွာ ကားလမ်းအနီးမှာ အကြမ်းဖက်စစ်ကြောင်း နဲ့ မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူစစ် ကြောင်းဘက်မှ (၁)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

ဒီတိုက်ပွဲတွေမှာ တော်လှန်ရေးမဟာမိတ်တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညတပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲ၊ တပင်ရွှေထီးတပ် တို့ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

Connect Burma

The Tanintharyi Times