ဆောက်လုပ်ဆဲ မော်လမြိုင် အကျဉ်းထောင်အသစ် ဒရုန်းနဲ့ ဗုံကြဲတိုက်ခိုက်ခံရ

ဆောက်လုပ်ဆဲ မော်လမြိုင် အကျဉ်းထောင်အသစ် ဒရုန်းနဲ့ ဗုံကြဲတိုက်ခိုက်ခံရ

မော်လမြိုင်မြို့ - ကျိုက်မရော ကားလမ်းပေါ်မှာ တည်ရှိတဲ့ မင်းရွာကျေးရွာမှာတည်ဆောက်နေတဲ့ ဆောက်လုပ်ဆဲ မော်လမြိုင် အကျဉ်းထောင်အသစ် ဟာ အောက်တိုဘာ ၁၄ ရက်နေ့က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက် ခံရတယ်လို့ ကျေးရွာဒေသခံတွေ ထံက စုံစမ်းသိရှိရပါတယ်။

ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချခဲ့တာကြောင့် အကျဉ်ထောင်အသစ်ရှိ ဗဟိုကင်းအနောက်ဘက် မြေကွက်လပ်မှာ ဗုံးသီးတစ်လုံး၊ သုံးထပ်ဆောင် အမိုးပေါ်ကို ဗုံးသီးနှစ်လုံး တို့ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ ပျက်စီးထိခိုက်မှုတွေ ကို Connect Burma က စုံစမ်းဆဲ ဖြစ်ပြီး အခြေအနေအသေးစိတ်ကို ဆက်လက် တင်ပြသွားပါတယ်။

မော်လမြိုင်မြို့မှာ အကျဉ်းထောင်အသစ်ကို စစ်ကောင်စီက ၂၀၂၂ ခုနစ်က စတင်ပြီး ‌မင်းရွာကျေးရွာမှာ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times