ထိုင်းရေနံကုမ္ပဏီ PTTEP အနေနဲ့ စစ်အုပ်စုထံ ဘဏ္ဍာငွေ ပေးအပ်နေတာကိုရပ်တန့်ဖို့ သတိပေး

ထိုင်းရေနံကုမ္ပဏီ PTTEP အနေနဲ့ စစ်အုပ်စုထံ ဘဏ္ဍာငွေ ပေးအပ်နေတာကိုရပ်တန့်ဖို့ သတိပေး

ထိုင်းအခြေစိုက် ရေနံကုမ္ပဏီကြီး PTT Exploration and Production Public Company Limited (PTTEP) အနေနဲ့ စစ်အုပ်စုထံ ဘဏ္ဍာငွေ ပေးအပ်နေတာကို ရပ်တန့်ဖို့ မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့ Justice For Myanmar ကသတိပေးလိုက်ပါတယ်။

PTTEP အနေနဲ့ စစ်တပ်ကို ဘဏ္ဍာငွေပေးအပ်နေတာကို ရပ်တန့်ပြီး ဘဏ္ဍာငွေအားလုံးကို အကာအကွယ်ရရှိထားတဲ့ ဘဏ်အကောင့်တစ်မှာထိန်းသိမ်းထားဖို့ JFM ကတိုက်တွန်းခဲ့ပါတယ်။

အဲ့လိုမှ မဟုတ်ဘဲ စစ်အုပ်စုကို ဘဏ္ဍာငွေဆက်လက်ထောက်ပံ့နေမယ်ဆိုရင် PTTEP အနေနဲ့ တာဝန်ယူမှုရှိစွာ စီးပွားရေးလုပ်ငန်းများ ရုတ်သိမ်းထွက်ခွာရမယ်လို့ သတိပေးထားတာဖြစ်ပါတယ်။

PTTEP တာဝန်ရှိသူတွေဟာ ဧပြီလ ၉ ရက်နေ့က စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နဲ့ နားလည်မှုစာချွန်လွှာတစ်ခုကို နေပြည်တော်မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဆိုပါ နားလည်မှုစာချွန်လွှာဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေ အတွက် ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့လုပ်ကွက် တိုးချဲ့ ထုတ်လုပ်မှုဆောင်ရွက်ဖို့ ဆိုတဲ့ အချက်ဖြစ်ပါတယ်။

အဲ့ဒီနားလည်မှုစွာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် JFM က အခုလို သတိပေးခဲ့တာဖြစ်ပါတယ်။

PTTEP ဟာ ရတနာ၊ ဇောတိက နဲ့ M3 သဘာဝဓါတ်ငွေ့စီမံကိန်းတွေမှာ အကြီးဆုံးရင်းနှီးမြှုပ်နှံသူ နဲ့ ကြီးကြပ်လုပ်ကိုင်သူအဖြစ်ပါဝင်နေတာဖြစ်ပါတယ်။

အဲ့ဒီလုပ်ကွက်တွေက တွင်းသစ်တူးဖော်တာတွေကိပါ PTTEP က ဆက်လက်လုပ်ကိုင်နေပြီး စစ်အုပ်စုကို အကျိုးအမြတ်များ ရှာဖွေပေးနေတယ်လို့ JFM က ထောက်ပြထားပါတယ်။

စစ်အုပ်စု ဖျက်အားပြင်းငလျင် လှုပ်ခတ်မှုအပြီးမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး PTTEP နဲ့ မိခင်ကုမ္ပဏီ PTT တို့ရဲ့ ပိုင်ဆိုင်မှုတွေ ကရရှိတဲ့ ဝင်ငွေကတဆင့် အခုလုပ်ဆောင်နေတာဖြစ်တယ်လို့ JFM ထောက်ပြထားပါတယ်။

PTTEP ကုမ္ပဏီ နဲ့ မိခင်ကုမ္ပဏီ PTT တို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ မြန်မာစစ်တပ်ကျူးလွန်နေနတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတယ်လို့လည်း JFM က ထုတ်ပြန်ထားပါတယ်။

Connect Burma

The Tanintharyi Times