သာဝပုံပြင်

သာဝပုံပြင်

သမ္မတရာထူးကို သွားရည်ယိုတယ်။

ရွေးကောက်ပွဲရလဒ်ကို မနာလိုဘူး။

ဒါနဲ့ပဲ မထူးဇာတ်ခင်းပြီး

သာဝဟာ

လူတွေကို သတ်

တိုင်းပြည်ကို ဖျက်လို့

သွေးစက်ပလ္လင်ကို

စည်းစိမ်အမှတ်နဲ့ ခုန်တက်ခဲ့တာ၊

လက်စသတ်တော့

မင်းစည်းစိမ်နဲ့ ပလ္လင်ဘုံနန်းကို

စံမြန်းခွင့်မကြုံဘဲ

ဆူးခြုံထက်မှာ ဆွေ့ဆွေ့ပဲ ခုန်နေရသတဲ့။

ပုံပြင်လေးကတော့ ဒီမျှပါပဲ။

တိမ်အိမ်

The Tanintharyi Times