အမေရိကန် ရွေးကောက်ပွဲ ဒေါ်နယ်ထရမ့် အနိုင်ရဖို့ နီးစပ်လာ

အမေရိကန် ရွေးကောက်ပွဲ ဒေါ်နယ်ထရမ့် အနိုင်ရဖို့ နီးစပ်လာ

အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ထပ်မံအနိုင်ရဖို့ နီးစပ်လာပြီဖြစ်တယ်လို့ AP သတင်းဌာန က မဲရလဒ်တွေကို သုံးသပ်ပြီးရေးသားထားပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် မှာ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့် က မဲရလဒ် ၂၆၇ မဲရရှိထားပြီ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကာမလာဟဲရစ်က ၂၂၄ မဲသာ ရရှိထားတယ်လို့ AP က ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရဖိုပ မဲရလဒ် ၂၇၀ အထိလိုအပ်တာကြောင့် နောက်ထပ် မဲဆန္ဒနယ် ၃ ခုမှာ ထပ်မံအနိုင်ရပါက ဒေါ်နယ်ထရမ့်ဟာ နောက်တစ်ကြိမ် သမ္မတ ဖြစ်လာတော့မယ်လို့ဆိုပါတယ်။

လက်ရှိမဲဆက်လက်ရေတွက်နေတဲ့ မီရှီဂန် နဲ့ ဝစ္စကွန်ဆင်ပြည်နယ်တွေမှာလည်း ဒေါ်နယ်ထရမ့် က ထပ်မံအသာရနေတယ်လို့ AP က ဆိုပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာလည်း ဒေါ်နယ်ထရမ့်က ကာမလာဟဲရစ်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times