အာဏာသိမ်း ယာယီ သမ္မတ ဦးမြင့်ဆွေ သေဆုံးပြီလို့ သတင်းထွက်၊ စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်း ငြင်းဆိုထား
အာဏာသိမ်း ယာယီ သမ္မတ ဦးမြင့်ဆွေ သေဆုံးပြီလို့ သတင်းထွက်၊ စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်း ငြင်းဆိုထား
စစ်တပ်အာဏာသိမ်းစဉ် ယာယီအဖြစ်ဆောင်ရွက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေဟာ ဒီနေ့ဩဂုတ်လ၆ရက် မနက်(၃)နာရီဝန်းကျင်က နေပြည်တော် အမှတ်(၂) စစ်ဆေးရုံကြီး(ကုတင်၁၀၀၀)မှာ သေဆုံးသွားပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ဉီးမြင့်ဆွေ သေပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။
ဦးမြင့်ဆွေ သေတယ်ဆိုတဲ့ သတင်းဟာ အမှား သာဖြစ်တယ်လို့လည်း ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းစဉ် ယာယီသမ္မတ အဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေနေ အထူးရိမ်နေရတယ်လို့ အာဏာသိမ်းစစ်တပ် က သြဂုတ်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဦးမြင့်ဆွေ ဟာ ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းစလို့ လှုပ်ရှားမှုတုန့်နှေးတာ နဲ့ အစာ အာဟာရစားသုံးနိုင်မှုအားနည်းလာတာတွေကိုခံစားနေရတာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center ၊ မေ ၂၇ ရက်မှ ဇွန် ၁၈ ရက်အထိအမှတ် (၂) တပ်မတော်ဆေးရုံကြီးခုတင်(၁၀၀၀)တို့တွင် ဆေးကုသမှုတွေခံယူခဲ့ပေမယ့် ပြန်မသက်သာလာဘူးလို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဦးမြင့်ဆွေကို ကျန်းမာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းဦးဆောင်တဲ့ အထူးဆေးကုသမှုအဖွဲ့နဲ့ ကျန်းမာရေးစစ်ဆေးကုသမှုများဆက်လက်ပြု လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ကုသမှုခံယူနေပေမယ့် ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေဟာ တိုးတက်လာတာ မရှိဘူးလို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာမစားနိုင်ခြင်း၊ အ ဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင် ၂၄ ရက်နေ့မှာ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၌ ထပ်မံတက်ရောက်ကုသမှုခံယူနေပြီး လက်ရှိမှာ အထူးစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်က အသိပေးပြီး ဒီနေ့ မနက်အစောပိုင်းမှာ ကွယ်လွန်သွားတာပါ။
Connect Burma
The Tanintharyi Times
