ငပလီမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ
ငပလီမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ၊ သံတွဲမြို့နယ် ၊ ငပလီမြို့ကို စစ်အုပ်စုတပ်က လေယာဉ်ဗုံးကြဲတိုက်လို့ အရပ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုတပ်က ငပလီမြို့ ၊ လင်းသာရပ်ကွက် ၊ ကျင်းကန်ကြီးရွာကို ဒီဇင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်အချိန်မှာ ပေါင် ၅၀၀ ဗုံးနှစ်လုံလေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ပြည်သူ ၇ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကိုနွယ်နွယ်မျိုး၊ တင်မြင့်၊ သုံးပုံ၊ ဝင်းဝင်းရွှေ၊ အငယ်၊ စိုးကျော်ဝင်း နဲ့ နောက်ထပ် တစ်ဦးဖြစ်တယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနတွေမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ခရစ္စမတ်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်အုပ်စုတပ်ဟာ သံတွဲမြို့နယ် ရွာရှည်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူပဲ ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသနေသူတွေ နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၇ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
Connect Burma
The Tanintharyi Times
