မုတ်သုံကာလမှာ သားသားမီးမီးတို့ကျန်းမာစေဖို့

မုတ်သုံကာလမှာ သားသားမီးမီးတို့ကျန်းမာစေဖို့

မိုးဖွဲဖွဲလေးရွာတဲ့ မုတ်သုံကာလအရောက်မှာ သားသားမီးမီးတွေဟာ နှာရည်တရှုပ်ရှုပ်နဲ့နေမကောင်းဖြစ်ကြရလေ့ရှိပါတယ်။ မုတ်သုံကာလဆိုတာ ပတ်ဝန်းကျင်ရှိလေထုထဲမှာ စိုထိုင်းဆတွေများတတ်ပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ အချိန်ကြာမြင့်စွာနေနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။

■ မုတ်သုံကာလမှာ သားသားမီးမီးတို့ အဖြစ်များတဲ့ရောဂါတွေ

  • နှာစေးတာ
  • ချောင်းဆိုးတာ
  • အအေးမိတာ
  • လည်ချောင်းနာတာ
  • ဝမ်းပျက်ဝမ်းလျှောတာ
  • ခြေသည်းလက်သည်းတွေမှာ မှိုစွဲတာ စတာတွေဖြစ်တတ်ပါတယ်။

■အဲဒီရောဂါလက္ခဏာတွေမဖြစ်စေဖို့အတွက်

  • ကလေးရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးကိုအထူးသတိပြုပေးရပါမယ်
  • ဘာပစ္စည်းပဲဖြစ်ဖြစ် ကိုင်တွယ်ပြီးတဲ့အခါ၊ အရုပ်တွေနဲ့ဆော့ပြီးတဲ့အခါ လက်ဆေးဖို့မှာထားသင့်ပါတယ်
  • အစာမစားခင်မှာ လက်ကိုဆပ်ပြာနဲ့ပြောင်စင်အောင်ဆေးတတ်ဖို့သင်ကြားပေးထားရပါမယ်
  • ကလေးတွေရဲ့လက်ဆိုတာ ရောဂါအတော်များများကိုဖြစ်စေနိုင်တယ်ဆိုတာ သိအောင်ပြောထားပေးရပါမယ်
  • အညစ်အကြေးစွန့်ပြီးတဲ့အခါလည်း လက်ကိုဆပ်ပြာနဲ့ပြောင်စင်အောင်ဆေးကြောဖို့မှာကြားသင်ပေးထား ရပါမယ်
  • မသန့်ရှင်းတဲ့လက်နဲ့ နှာခေါင်းနှိုက်တာ၊ မျက်လုံးနှိုက်တာ၊ ပါးစပ်နှိုက်တာတွေကို မပြုလုပ်ဖို့အသေအချာ ပြောပြပေးထားပါ
  • ကလေးတွေ ကိုင်တွယ်ထားတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုလည်း သန့်ရှင်းပေးထားရပါမယ်
  • ကလေးတွေဆော့နေကျ အရုပ်တွေကိုလည်း မကြာခဏဆေးကြောပေးသင့်ပါတယ်
  • ကလေးရဲ့အသုံးအဆောင်တွေဖြစ်တဲ့ ဖိနပ်၊ထီးကအစ မကြာခဏဆပ်ပြာနဲ့ဆေးကြောပေးသင့်ပါတယ်
  • ရေစိုနေတဲ့ဖိနပ်တွေကို မစီးမိဖို့လည်း ပြောပြထားရပါမယ်။ ရေစိုနေတဲ့ဖိနပ်ကိုစီးရင် ခြေသည်းတွေမှာမှိုစွဲနိုင်တာကိုပါ ပြောပြထားသင့်ပါတယ်
  • ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာနေ့စဉ်ထိတွေ့ရတဲ့ ကြမ်းခင်း၊ အိပ်ရာခင်း၊ အိပ်ခန်း၊ ထမင်းစားခန်းစတာတွေ ကိုလည်းအမြဲလိုလိုသန့်ရှင်းထားပေးရပါမယ်
  • အရွယ်မရောက်သေးတဲ့ကလေးတွေကို လူကြီးကိုယ်တိုင်ရေချိုးပေးတာ၊ ချေးညှော်တွေပွတ်ပေးတာ စတာတွေကိုပြုလုပ် ပေးသင့်ပါတယ်
  • ရေကိုပုံမှန်ချိုးတာက ခန္ဓာကိုယ်မှာကပ်တွယ်နေတဲ့ မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေရန်ကနေ ကာကွယ်ပေးတယ်ဆိုတာ ရှင်းပြထားရပါမယ်
  • မုတ်သုံကာလမှာ ကလေးတို့ကျန်းမာစေဖို့ခြင်အန္တရာယ်ကင်းဝေးစေဖို့အထူးထူးဂရုစိုက်ပေးရပါမယ်
  • နေ့လယ်နေ့ခင်း ကလေးတွေဆော့ကစားတဲ့အချိန်မှာလည်း ခြင်ထောင်နဲ့ထားပေးသင့်ပါတယ်
  • ခြင်ဖျန်းဆေးတွေကိုလည်း မိမိတို့အိမ်တစ်ဝိုက်မှာဖျန်းထားပေးသင့်ပါတယ်
  • ခြင်အောင်းစေတဲ့ ရေဆိုးရေမြောင်းတွေကို ရှင်းလင်းထားရပါမယ်
  • ကလေးငယ်တို့ကစားတဲ့အိုးပုတ်တွေမှာလည်း ခြင်တွေခိုအောင်းနေနိုင်တာမို့ အိုးပုတ်တွေကိုလည်း ကလေး မဆော့ခင်စစ်ဆေးသင့်ပါတယ်
  • ခြင်အန္တရာယ်ကနေ ကင်းဝေးစေရန် ကလေးငယ်ကို လက်ရှည်အင်္ကျီ၊ဘောင်းဘီရှည်တွေဝတ်ဆင်ထားပေး သင့်ပါတယ်
  • ကလေးတို့ကျန်းမာရေးအတွက် အနံ့အသက်မကောင်းတဲ့အင်္ကျီများကိုဝတ်ဆင်ပေးတာမျိုး ရှောင်ကြဉ်သင့်ပါ တယ်။
  • မုတ်သုံကာလမှာ ကလေးတို့ရဲ့သောက်ရေသုံးရေကိုလည်း အထူးဂရုပြုသင့်တယ်။
  • သောက်သုံးရေမသန့်ရှင်းရင် ဝမ်းပျက်ဝမ်းလျှော၊ အူရောင် ၊ကာလဝမ်း၊ အသည်းရောင် စတာတွေဖြစ်နိုင်တယ်ဆိုတာကို ရှင်းပြပေးထားသင့်ပါတယ်။
  • သောက်သုံးမယ့်ရေက မသန့်ရှင်းဘူးလို့ထင်ရင် ရေကိုကျိုချက်ပြီးမှသောက်သုံးသင့်ပါတယ်
  • ကလိုရင်းမှုန့်၊ ကျောက်ချဉ်တွေကိုထည့်ပြီး သောက်ရေသုံးရေကို သန့်ရှင်းအောင်ပြုလုပ်ပေးနိုင်ပါတယ်
  • မသန့်ရှင်းတဲ့အစားအစာတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်
  • အထူးသဖြင့်ကလေးတွေ စားမယ့်အစားအစာကို ပူပူနွေးနွေးလေးဖြစ်အောင်လုပ်ပြီးမှ ကျွေးသင့်ပါတယ်
  • အသားငါးတွေချက်ပြုတ်ရာမှာလည်း ကျက်အောင်ချက်သင့်ပါတယ်
  • အသီးအရွက်တွေဆိုလည်း ရေပြောင်စင်အောင်ဆေးတာ၊ ဆားရေနဲ့ ဆေးတာမျိုးလုပ်ပြီးမှ ချက်ပြုတ်စားသောက်သင့်ပါတယ်။
  • ကလေးတွေကိုအပြင်စာကျွေးတာထက် အိမ်ချက်စာတွေပဲကျွေးသင့်ပါတယ်
  • ကလေးအားနည်းနေတယ်ထင်ရင် ကလေးအားဆေးများကိုလည်းတိုက်ကျွေးသင့်ပါတယ်
  • ကလေးအအေးမမိစေဖို့ နွေးနွေးထွေးထွေးထားသင့်ပါတယ်
  • မိုးဖွဲထဲမှာအချိန်ကြာကြာဆော့မိတာမျိုးမဖြစ်အောင် ဂရုပြုသင့်ပါတယ်
  • ကလေးကျောင်းသွားတဲ့အခါ မိုးကာအင်္ကျီ၊ ထီးစတဲ့အကာအကွယ်တွေကိုပါ ထည့်ပေးလိုက်သင့်ပါတယ်
  • မိုးရေကြီးထဲ တစ်ယောက်တည်း ဘယ်မှမသွားဖို့ပါ ပြောပြပေးထားရပါမယ်
  • မုတ်သုံကာလတွေမှာ လျှပ်စီးလက်တတ်တယ်ဆိုတဲ့အကြောင်း၊ မိုးကြိုးပစ်တတ်တယ်ဆိုတဲ့အကြောင်းပြောပြ ပေးထားသင့်ပါတယ်
  • မုတ်သုံကာလမှာ ကျန်းမာနေစေဖို့ ကလေးတို့စားမယ့်ပေါင်မုန့်ကအစ မှိုတက်နေလားဆိုတဲ့ အသိနဲ့ စစ်ဆေးပြီးမှ ကျွေးသင့်ပါတယ်
  • ကလေးကျန်းမာသွက်လက်နေစေဖို့ လတ်ဆတ်တဲ့အသီးအနှံ့တွေကိုပဲကျွေးမွေးသင့်ပါတယ်။

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times