မြန်မာ ကျောင်းသားတွေကို ထောက်ပံ့နေတဲ့ စကောလားရှစ် အစီအစဉ် ထရမ့် ရပ်ဆိုင်းလိုက်ပြန်
မြန်မာ ကျောင်းသားတွေကို ထောက်ပံ့နေတဲ့ စကောလားရှစ် အစီအစဉ် ထရမ့် ရပ်ဆိုင်းလိုက်ပြန်

မြန်မာ ကျောင်းသားတွေကို ထောက်ပံ့နေတဲ့ Diversity and Inclusion Scholarship Program (DISP) စကောလားရှစ် အစီစဉ်ကို ထရမ့် ရပ်ဆိုင်းလိုက်ပြန်ပါတယ်။
အမေရိကန် ပြည်ထောင်စု USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ အောက်က ပေးထားတဲ့ DISP စကောလားရှစ် စီစဉ်ကို ရပ်ဆိုင်းဖို့ အမေရိကန် ခရိုနီ အီလွန်မက် ဦးဆောင်တဲ့ Department of Government Efficiency အကြံပေးခဲ့တာဖြစ်ပြီး ထရမ့်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် အစိုးရကထုတ်ပြန်ပါတယ်။
အဲ့ဒီ စကောလားရှစ် နဲ့ မြန်မာ ကျောင်းသား ၄၀၀ နီးပါးလတ်တလော တက်ရောက်နေဖြစ်ပြီး အမေရိကန် အစိုးရ က နှစ်စဉ် ၄၅ သန်းထောက်ပံ့နေတာဖြစ်တယ်လို့ သိရပါတယ်။
DISP စကောလားရှစ် ရရှိတဲ့ မြန်မာကျောင်းသားအများစုဟာ ထိုင်း ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက တက္ကသိုလ်တွေမှာ တက်ရောက်နေကြတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်ထောင်စု အတွင်းက အကူအညီအထောက်အပံ့တွေကို ဖြတ်တောက်တဲ့ အပြင် နိုင်ငံရပ်ခြားကိုအကူအညီပေးတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းအားလုံးနီးပါးအတွက် အသုံးစရိတ် တွေ ပြန်သုံးသပ်မှာဖြစ်တာကြောင့် အဲဒီစီမံကိန်းတွေအတွက် ထောက်ပံ့ပေးမှုကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်တကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID )ရဲ့ ထောက်ပံ့မှုကိုရယူနေတဲ့ သတင်းမီဒီယာလုပ်ငန်းတွေ၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု ဆိုင်ရာနဲ့ ဒုက္ခသည်အကူအညီပေးရေးတွေလုပ်ငန်းတွေအတွက် ထောက်ပံ့ငွေတွေလည်း ဆိုင်းငံ့ခံရတာဖြစ်ပါတယ်။
The Tanintharyi Times