စစ်အာဏာသိမ်းမှု ၂နှစ်ပြည့်မှာ အသံတိတ်သပိတ်ဆင်နွှဲပြီးတော်လှန်မယ်
စစ်အာဏာသိမ်းမှု ၂နှစ်ပြည့်မှာ အသံတိတ်သပိတ်ဆင်နွှဲပြီးတော်လှန်မယ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းယူမှု ၂နှစ်ပြည့်မြောက်တဲ့ လာမယ့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့မှာ နိင်ငံတစ်ဝှမ်းလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ဆင်နွှဲပြီး စစ်ကောင်စီအလိုမရှိကြောင်းပြသဖို့ တော်လှန်ရေးအင်အားစုတွေက ဆော်ဩတိုက်တွန်းလိုက်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အသံတိတ်သပိတ်ဆင်နွှဲမှာဖြစ်လို့ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အခုလို တိုက်တွန်းလိုက်တာပါ.။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ခုနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲပြန်လုပ်ဖို့ ကြိုးပမ်းနေပြီး ဒါဟာ အတုအယောင်ဟန်ပြ ရွေးကောက်ပွဲဖြစ်တာကြောင့် လူထုတစ်ရပ်လုံးက ဆန့်ကျင်ဖို့လိုတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးက လုံးဝဆန့်ကျင်တိုက်ဖျက်ပြီး စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ် တွန်းလှန်ပုန်ကန်တိုက်ခိုက်သွားမယ်ဆိုတဲ့ သတင်းစကားပါးတာလို့လည်း တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းတာ ၂နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ မနက် ၁၀နာရီကနေ ညနေ ၃နာရီအထိ အသွားအလာ ၊အလုပ်အကိုင်တွေ ရပ်ဆိုင်းကာ တိတ်ဆိတ်ငြိမ်သက်ပြီး စစ်ကောင်စီအလိုမရှိကြောင်းပြသတဲ့အနေနဲ့ အသံတိတ်သပိတ်မှာ လူထုတရပ်လုံးပူးပေါင်းပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Connect Burma
The Tanintharyi Times
