စစ်ကောင်စီပြုလုပ်တဲ့ သပိတ်မျှောပွဲတော်ကို သပိတ်မှောက်ကြဖို့ EDF အဖွဲ့တိုက်တွန်း

စစ်ကောင်စီပြုလုပ်တဲ့ သပိတ်မျှောပွဲတော်ကို သပိတ်မှောက်ကြဖို့ EDF အဖွဲ့တိုက်တွန်း

စစ်ကောင်စီပြုလုပ်တဲ့ သပိတ်မျှောပွဲတော်ကို ပြည်သူတွေ သပိတ်မှောက်ကြဖို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု EDF - PDF အဖွဲ့ကတိုက်တွန်းလိုက်ပါတယ်။

ပြည်သူတွေ စိတ်မချမ်းမြေ့စရာအဖြစ်ပျက်တွေ ကြုံတွေ့ခံစားနေရတာကြောင့် အခုသီတင်းကျွတ်ကာလကို တော်လှန်သီတင်းကျွတ်အဖြစ်ပြောင်းလဲပြီး စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးအတွက် ကျရာအခန်းဂဏ္ဍမှ ပါ၀င်တော်လှန်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တော်လှန်သီတင်းကျွတ်အချိန်ကာလတွင်းမှာ မိဘပြည်သူတွေအနေနဲ့ စစ်​ကောင်စီက ကျင်းပပေးတဲ့ ဘယ်ပွဲလန်းသဘင်တွေကိုမဆို သွားရောက်ပါ၀င်ခြင်းမပြုကြဖို့လည်း ထပ်မံမေတ္တာရပ်ခံထားပါတယ်။

ထားဝယ်ခရိုင်အတွင်းက တခြားသောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီကျင်းပတဲ့ပွဲကိုမသွားဖို့နဲ့ စစ်ကောင်စီနဲ့ဝေးဝေးနေဖို့တိုက်တွန်းထားပါတယ်။

The Tanintharyi Times