တနေ့တာ မြန်မာ
တနေ့တာ မြန်မာ
အောက်တိုဘာ ၂၈ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
စစ်ကောင်စီရဲ့ သံချပ်ကာ ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ MNDAA ဆို
ချင်းရွှေဟော်ဒေသမှာ စစ်ကောင်စီရဲ့ သံချပ်ကာ ၂ စီး တိုက်ခိုက်ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ကိုးကန့်အဖွဲ့ (MNDAA) က ဒီကနေ့ ညနေပိုင်းမှာ ရုပ်သံဖိုင်နဲ့ ထုတ်ပြန်ထားပါတယ်။ စစ်ဘက်အသုံးအနှုန်းအရ MTLB လို့ ခေါ်တဲ့ အဲဒီသံချပ်ကာယာဉ်ဟာ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သယ်ဆောင်နိုင်ပြီး ကုန်းရေ နှစ်သွယ်သွား ကမ်းတက် တပ်ဖွဲ့ သုံး သံချပ်ကာယာဉ် အမျိုးအစားလည်းဖြစ်တယ်လို့ People’s Spring က ရေးသားထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး အတွင်း စစ်ကောင်စီစခန်း ၄ ခုအထိ TNLA သိမ်းပိုက်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နယ်ထဲက တိန်းတန်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ စခန်း ၄ ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။ TNLA တပ်မဟာ(၆) စစ်ဒေသ အဖြစ်သတ်မှတ်ထားတဲ့ လားရှိုးမြို့နယ်ထဲက မိုင်းကျက်တပ်စခန်းနဲ့ တိန်းတန်တပ်စခန်းနှစ်ခုကို ဝင်တိုက်ခဲ့ပြီး တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်း နဲ့ မန်မိုင်တပ်စခန်း (၃) ခု ကို လည်း TNLA က မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအလောင်း (၁၈) လောင်း နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ် လို့ ထုတ်ပြန်ပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်သူ အယောက် ၁၀၀ နီးပါး ရန်ကုန်မှာ ဖမ်းဆီးခံရ
ရန်ကုန်မြို့မှာအခြေပြုပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် စုစုပေါင်း ၉၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။ ပြည်ပနိုင်ငံသားတွေရဲ့ အချက်အလက်တွေကို လူမှုကွန်ရက် WhatsApp အက်ပလီကေးရှင်းကနေ ရှာဖွေပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပေးပို့နေတဲ့လုပ်ငန်းတွေကို တရုတ်နိုင်ငံသားတချို့က ဦးဆောင်ပြီး မြန်မာဝန်ထမ်းတွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီဘုကျငမျူရနျကုနျမွို့လူစညျကားရာ Time City Office Tower အပါအဝင် ကွန်ဒို တချို့မှာ ကုမ္ပဏီဖွင့်ပြီး လှုပ်ရှားနေတာဖြစ်ပါတယ်။
မြန်မာ့အရေးအပေါ် လာအိုရဲ့ဖြေရှင်းနိုင်မှုကို လျှော့မတွက်ဖို့ အာဆီယံ အထွေထွေအတွင်းရေးမှူးပြော
မြန်မာပြည် ငြိမ်းချမ်းရေး ပြန်ရဖို့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် လာအိုနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင် (Kao Kim Hourn) က Nikkei Asia သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။ အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင်နဲ့ မေးမြန်းချက်ကို Nikkei Asia ကမနေ့က ဖော်ပြခဲ့တာပါ။ လာမယ့်နှစ်မှာ အာဆီယံဟာ မြန်မာနိုင်ငံအရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှာ လုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ပြဿနာအပေါ် လာအိုနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို လျှော့မတွက်သင့်ဘူးလို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ ကြိုးပမ်းတဲ့နေရာမှာ အာဆီယံအဖွဲ့ဝင်တွေကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေတယ်ဆိုတာ မဟုတ်ကြောင်းလည်း သူက ငြင်းဆိုပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ ရပ်တည်ချက် ရှိပြီး ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ လာအိုနိုင်ငံကတော့ စစ်ကောင်စီအပေါ်မှာ အလျော့ပေးလိုတဲ့ ရပ်တည်ချက်ရှိတယ်လို့ Nikkei Asia က သုံးသပ်ဖော်ပြပါတယ်။
သိန္နီမြို့ကို MNDAA နဲ့ မဟာမိတ်တပ် ဝင် ရောက်စီးနင်းတိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို ကိုးကန့်တပ်မတော်(MNDAA)နဲ့ မဟာမိတ်တပ်တွေက ဒီကနေ့ညနေပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ရာ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က people Spring ကဖော်ပြပါတယ်။ နေ့လည်ပိုင်းမှာ MNDAA သိမ်းပိုက်ခဲ့တဲ့ မုံးကိုး၊ ဖောင်းဆိုင်၊ မန့်ယန်း တပ်စခန်းနေရာကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပါတယ်။
တောလှန်သီတင်းကျွတ်အဖြစ် စစ် အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်
ရန်ကုန်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ တော်လှန်သီတင်းကျွတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ အသီးသီး ဆင်နွဲခဲ့ကြပါတယ်။
