ထားဝယ်သပိတ်မျှောပွဲအပါအဝင် ပွဲလမ်းသဘင်တွေကိုပါဝင်မဆင်နွှဲကြဖို့ ထားဝယ် ပကဖအဖွဲ့တွေ မေတ္တာရပ်ခံ

ထားဝယ်သပိတ်မျှောပွဲအပါအဝင် ပွဲလမ်းသဘင်တွေကိုပါဝင်မဆင်နွှဲကြဖို့ ထားဝယ် ပကဖအဖွဲ့တွေ မေတ္တာရပ်ခံ

တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဝမ်းနည်းပူဆွေးနေကြတာကို အလေးထားတဲ့အနေနဲ့ စစ်ကောင်စီက ကျင်းပတဲ့ ထားဝယ်သပိတ်မျှောပွဲအပါအဝင် ပွဲလမ်းသဘင်တွေကို ပါဝင်ဆင်နွှဲခြင်းမပြုကြဖို့ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံပါတယ်။

ပွဲတော်ကာလတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကင်းဝေးတဲ့နေရာမှာနေပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပုံဖျက်အပြစ်ပုံချဖို့အတွက် စစ်ကောင်စီက အောက်တန်းကျတဲ့နည်းလမ်းတွေသုံးပြီး ပြည်သူတွေကို အန္တရာယ်ပေးနိုင်လို့ ပွဲလမ်းသဘင်တွေကိုအထူးရှောင်ကြဥ်သင့်တယ်လို့လည်း မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ထားဝယ်သပိတ်မျှောပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ သတင်းတွေထုတ်ပြန်ထားပြီး ကြိုတင်ပြင်ဆင်တာတွေပြုလုပ်နေပါတယ်။

ထားဝယ်သပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ညမှာ ဖျော်ဖြေပွဲတွေနဲ့ကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့်နေ့အရုဏ်တက်ချိန်ကစလို့ သပိတ်မျှောလေ့ရှိပါတယ်။

The Tanintharyi Times