လောင်းလုံးမှာ အမျိုးသမီးတွေဦးဆောင်ပြီး သပိတ်လှုပ်ရှားမှုပြုလုပ်

လောင်းလုံးမှာ အမျိုးသမီးတွေဦးဆောင်ပြီး သပိတ်လှုပ်ရှားမှုပြုလုပ်

လောင်းလုံးမြို့နယ်မှာ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(RWU)က ဦးဆေင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုမှာ တော်လှန်ရေးအတွင်းက အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံလိုစိတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ “ဓားသွား ကလောင်သွားထက် ထက်မြက်တာ အမျိုးသမီးတွေရဲ့ အစွမ်းပကားပဲရှိတယ်” ဆိုတဲ့ ဘန်နာ​ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။