သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးတွေရဲ့ဓာတ်ပုံတွေကိုကိုင်ဆောင်ပြီး လောင်းလုံးမှာဆန္ဒပြ
သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးတွေရဲ့ဓာတ်ပုံတွေကိုကိုင်ဆောင်ပြီး လောင်းလုံးမှာဆန္ဒပြ
နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ကနေ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အမျိုးသမီးထုလှုပ်ရှားမှုကို ဒီနေ့မနက်မှာပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို “ခြွေလို့ရရင်ရမယ် နှင်းဆီနီဘယ်တော့မှ မကြွေဘူး” ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီရဲ့ မတရားသေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။
The Tanintharyi Times